ဝါရှင်တန်၊ ဩဂုတ် ၄ ရက်
အီရန်နိုင်ငံနှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း အမေရိကန်စစ်တပ်၏ အဓိက ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ကြားဖြတ်ဟန့်တားရေး ဒုံးကျည် ၈၀ ရာခိုင်နှုန်းနီးပါး ကုန်ဆုံးခဲ့ရပြီး ပင်တဂွန်၏ ခဲယမ်းမီးကျောက် လက်ကျန်ပမာဏမှာ စိုးရိမ်ဖွယ်ရာ နည်းပါးနေပြီ ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ တပ်မှူးများက သတိပေးခဲ့ကြသည်ဟု စီအင်န်အင်နါ သတင်းဌာနက အင်္ဂါနေ့၌ ဖော်ပြခဲ့သည်။
စစ်ပွဲမစမီ အရေအတွက်နှင့် နှိုင်းယှဉ်ပါက အမေရိကန်စစ်တပ်သည် ယင်း၏ THAAD ဒုံးကျည် လက်ကျန် ၅ ပုံ ၄ ပုံနီးပါးနှင့် ပက်ထရီယော့ခ် ကြားဖြတ်ဟန့်တားရေး ဒုံးကျည် စုစုပေါင်း၏ ထက်ဝက်ခန့်ကို စစ်ပွဲစတင်ချိန်မှစ၍ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း နောက်ဆုံး လက်ကျန်စာရင်း အစီရင်ခံစာကို သိရှိသူ သတင်းရင်းမြစ်နှစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အနေဖြင့် လွန်ခဲ့သည့် သီတင်းပတ်ကုန်က အီရန်ကို ထပ်မံတို-က်ခိုက်ရန် အစီအစဉ်များကို ဖျ-က်သိမ်းလိုက်သည့် ဆုံးဖြတ်ချက် မတိုင်မီ လက်ကျန်ခဲယမ်း လုံလောက်မှု မရှိသည့် ပြဿနာကို ထပ်မံ မီးမောင်းထိုးပြခဲ့ကြကြောင်း သတင်း၌ ရေးသားထားသည်။
ထို့အပြင် အမေရိကန် ကြည်းတပ်သည် ပဋိပက္ခအတွင်း ၎င်း၏ အလွန်တိကျသော ပ-စ်မှတ်ထိမှန်သည့် အဝေးပ-စ် မြေပြင်မှ ဝေဟင်ပ-စ် လက်နက် “အားလုံးနီးပါး” ကို သုံးစွဲခဲ့ပြီးဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖေါ်ပြပါရှိသည်။
အိမ်ဖြူတော်က ကြေညာခဲ့သော အီရန်နှင့် တိုက်ပွဲများ ကို နောက်တစ်ကြိမ် ပြန်လည်စတင်ခဲ့သည့် ဇူလိုင်လ ၇ ရက် နေ့မှစ၍ အမေရိကန် စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင် ၄ ဦး ေ-သဆုံးခဲ့ပြီး ၂၇၀ ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်က ပင်လယ်ရပ်ခြား စစ်ဆင်ရေးဆိုင်ရာ စစ်ဘက် ထိခိုက်ေ-သဆုံးမှုများကို အင်္ဂါနေ့တွင် နောက်ဆုံးအခြေအနေ နောက်ဆက်တွဲ ထုတ်ပြန်လိုက်ချိန်၌ ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ခဲ့သော အီရန်ကို ဆန့်ကျင်သည့် အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေး “Operation Epic Fury” အတွင်း အမေရိကန် စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင် ၁၄ ဦး ေ-သဆုံးခဲ့ပြီး ၄၁၇ ဦး ဒ-ဏ်ရာရရှိခဲ့သည်။
နောက်ဆုံး ထုတ်ပြန်ချက်များအရ အီရန်နှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း အမေရိကန်စစ်တပ်မှ စုစုပေါင်း ဒ-ဏ်ရာရရှိသူ အရေအတွက်မှာ ၆၈၇ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
Ref: ဆင်ဟွာ
