Home News Local News မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုးခဲ့

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုးခဲ့

0
111

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Green Room ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊ အာကာသနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး နားလည်မှုစာချွန်လွှာ၊ နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော် မြစ်များ၏ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်များ စသည့် သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာ ၄ ခုတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် တို့၏ ရှေ့မှောက်၌ စာချွန်လွှာများကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here