Home News Local News ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

0
96

နေပြည်တော်၊ ဩဂုတ်-၆

ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

အဆိုပါချေးငွေများကို ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်အရ စက်ပစ္စည်းများ ဖြည့်ဆည်းဝယ်ယူတပ်ဆင်ခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်သို့ဖြစ်စေ၊ ဖုန်းနံပါတ် ၀၆၇-၃၄၀၈၃၉၅ နှင့် ၀၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here