Home News Local News နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုဂုဏ်ပြု

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုဂုဏ်ပြု

0
94

ဗန်ကောက်၊ ဩဂုတ် ၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်များတွင် ဂုဏ်ပြုကြိုဆိုသည့် အစဉ်အလာနှင့်အညီ စစ်ရေးအခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခဲ့သည်။

ယခုခရီးစဉ်သည် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများဖြစ်သည့် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား အစဉ်အလာကောင်းမွန်သော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာနက်ရှိုင်းစေမည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here