မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို)က ရေဘေးအန္တရာယ်များ ကြုံတွေ့လာသည့်အခါ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ မှာယူထားသည့် ကယ်ဆယ်ရေးလှေများနှင့် စက်များ ရောက်ရှိလာပြီဖြစ်ကြောင်း အသိပေးထားသည်။
လက်ရှိတွင် စုစုပေါင်း ကယ်ဆယ်ရေးလှေ (၆) စီးအတွက် လှေအထိုင်များနှင့် အင်ဂျင်စက်များကို တပ်ဆင်ကာ အသုံးပြုနိုင်ရန် အဆင်သင့်ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို)က အသိပေးထားသည်။
အဆိုပါ ကယ်ဆယ်ရေးလှေများကို ရေဘေးဖြစ်ပွားသည့် ဒေသများတွင် လျင်မြန်စွာတုံ့ပြန်ကယ်ဆယ်နိုင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
