နယ်မြေတည်ငြိမ်အေးချမ်းလာသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ မြန်မာ့စီး ပွားရေးဘဏ်(တွန်းဇံဘဏ်ခွဲ)ကို သြဂုတ် ၃ ရက်နံနက်ပိုင်းကပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် e-pension ထုတ်ပေးရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တွန်းဇံမြို့အား ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ် အားပေးစက်ဖြင့် နေ့စဉ် ည ၇ နာရီမှည ၉ နာရီခွဲအထိ အချိန် ပိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကာ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးချိန်တိုးမြှင့်ပေးနိုင်ရေး၊ တယ်လီ ဖုန်းလိုင်းရရှိရေးတို့ကိုလည်း တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်နေမှုများအား ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံရာ၌ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ယာယီနေရပ်စွန့်ခွာ၍ပြန် လည်ဝင်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုကော်မတီကထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကိုလည်းပေးအပ်ခဲ့ကြောင်း သိရသည်။
