Tuesday, August 4, 2026

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက်...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ...

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...
HomeMoviesကျောက်ဖြူ SEZ စီမံကိန်းအတွက်...

ကျောက်ဖြူ SEZ စီမံကိန်းအတွက် မဒေးကျွန်း၌ ကျောက်တန်း (၁)၊ (၂) ရေလှောင်တမံ တည်ဆောက်လျက်ရှိ

ကျောက်ဖြူ၊ ဩဂုတ် ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အထူးစီးပွားရေးဇုန် (SEZ) ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သည့် ရေသိုလှောင်နိုင်ရန် မဒေးကျွန်းတွင် ကျောက်တန်း (၁) နှင့် ကျောက်တန်း (၂) ရေလှောင်တမံများကို တည်ဆောက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ဇူလိုင် ၂၉ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းခရီးစဉ်အတွင်း မဒေးကျွန်းရှိ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ ပိုက်လိုင်းများဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်နေမှု၊ လုံခြုံရေးနှင့် မီးဘေးကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားရှိမှု၊ ရေနံတင်သင်္ဘောပေါ်မှ ရေနံများကို သိုလှောင်ကန်များအတွင်းသို့ လွှဲပြောင်းတင်ပို့နေသည့် လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်ရှိ ငလပွေ့ ရေငန်တားတာတမံ ကြံ့ခိုင်မှု၊ Parapet တည်ဆောက်ပြီးစီးမှု၊ Solar Dryer Dome တည်ဆောက်ထားရှိမှုနှင့် Gas Turbines များဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် နေရာတို့ကိုလည်း လှည့်လည် စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကျောက်ဖြူဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍ သတိထားကြရန် တိုင်းအစိုးရ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။ ငဝန်တာ တာတမံ နိမ့်ကျကျိုးပေါက်မှုကြောင့် ဒုက္ခရောက်နေရသည့် ရေဘေးသင့် ပြည်သူများအတွက်ဟု အကြောင်းပြကာ မသမာသော နည်းလမ်းများဖြင့် ငွေကြေး လိုက်လံ ကောက်ခံနေသည့် ဖြစ်စဉ်များ တွေ့ရှိနေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စေတနာရှင် အလှူရှင်များ၏ ဖြူစင်သော သဒ္ဓါတရားဖြင့် လှူဒါန်းသည့် ငွေကြေးနှင့် ထောက်ပံ့ပစ္စည်းများမှာ ဘေးသင့်ပြည်သူများထံ အမှန်တကယ် မရောက်ရှိဘဲ...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ ၂ သောင်းကျော် ရေဘေးသင့်၊ ထောက်ပံ့ရေးနှင့် တာပိတ်ဆို့ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ​လေးမျက်နှာ၊ ဩဂုတ် ၄

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှု ဖြစ်ပွားခဲ့သဖြင့် ကျေးရွာနှင့် ရပ်ကွက်များမှ ပြည်သူ ၂ သောင်းကျော် ရေဘေးသင့်လျက်ရှိကြောင်း သိရသည်။ ​အဆိုပါ ရေကျော်စီးဝင်မှုကြောင့် ဩဂုတ် ၄ ရက်နေ့အထိ စာရင်းများအရ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၅၇ ရွာမှ အိမ်ခြေ ၅,၀၄၆ လုံး၊ အိမ်ထောင်စု ၅,၁၃၄ စု၊...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071