Saturday, August 1, 2026

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး လွှတ်တော်က IPU...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက...

Sky Villa Condo ပြိုကျမှုနှင့်...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေးမြို့ရှိ Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးပြီး လူ‌ေ-သဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးကုမ္ပဏီ...

သီလဝါအထူးစီးပွားရေးဇုန်၌ ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး...

သီလဝါအထူးစီးပွားရေးဇုန်အတွင်း Thilawa Property Development Limited (TPD) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း...

မုတ်သုံလေ အားကောင်းမှုကြောင့် လေးရက်တာအတွင်း တိုင်းနှင့်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသဖြင့် ဩဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် အများအပြား၌...
HomeNewsLocal Newsမန္တလေး-ရန်ကုန် DEMU ရထားအား...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ လူငယ်နှစ်ဦးကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဩဂုတ် ၁

မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် အမှတ် (၆) အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် ဧလာဘူတာနှင့် သာဝတ္ထိဘူတာအကြား မိုင်တိုင်အမှတ် ၂၁၂/၂၀ နှင့် ၂၁ အကြားသို့ အရောက် ရထားလမ်း အရှေ့ဘက်ခြမ်းမှ ခဲဖြင့် ပ-စ်ပေ-ါက်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ပ-စ်ပေ-ါက်မှုကြောင့် ပထမတန်းတွဲအမှတ် (၄) DEMU(F)1001 နောက်ဆုံးတွဲ၏ ဝဲဘက်အပေါ်ခြမ်း ကိုယ်ထည် ဆေးပွန်းဒ-ဏ်ရာ ရရှိခဲ့ပြီး ခရီးသည်များ ထိခိုက်ဒ-ဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ရထား ၁၂ မိနစ်ခန့် ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့သော်လည်း အခြားရထားများ ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲနိုင်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရထားလိုက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ခဲဖြင့် ပစ်ပေါက်ခဲ့သူ လယ်ဝေးမြို့နယ်၊ ရန်ကင်းကျေးရွာနေ အသက် ၁၅ နှစ်အရွယ် အောင်သက်ဦးနှင့် အသက် ၁၄ နှစ်အရွယ် ပြာသိုတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှစ်ဦးအား ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာ ဧလာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ အခန်း (၁၈)၊ ပုဒ်မ ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာဖြင့် ပ-စ်ပေ-ါက်ခြင်း သို့မဟုတ် ထိခိုက်စေရန် ပြုလုပ်ခြင်းများအတွက် ပုဒ်မ ၈၄ အရ အနည်းဆုံး ထောင်ဒ-ဏ် ၅ နှစ်မှ နှစ် ၂၀ အထိ ချမှတ်နိုင်သည့်အပြင် ငွေဒ-ဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး လွှတ်တော်က IPU နှင့် ချိတ်ဆက်ဆောင်ရွက်နေဟု ဦးခင်ရီ ပြော

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။ ဦးခင်ရီက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတွင် ပါဝင်ရန် ကိုယ်တိုင်ရွေးချယ်ခဲ့သည့်အတွက် ယင်းအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ အစိုးရပိုင်းက သံတမန်ရေးရာနည်းလမ်းများဖြင့် ဆောင်ရွက်နေသကဲ့သို့ လွှတ်တော်ပိုင်းမှလည်း IPU နှင့် ချိတ်ဆက်ကာ တတ်နိုင်သမျှ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် လွှတ်တော်အတွင်း အဆိုတင်သွင်းဆွေးနွေးရာတွင် ထောက်ခံသူနှင့် ကန့်ကွက်သူများ...

Sky Villa Condo ပြိုကျမှုနှင့် ဆက်စပ်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုကို အမည်မည်းစာရင်းသွင်း

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေးမြို့ရှိ Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးပြီး လူ‌ေ-သဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အမည်မည်းစာရင်း (Blacklist) သွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကုမ္ပဏီ၃ ခုနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများကို ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်မှ စတင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမည်မည်းစာရင်း ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြောင်းကြားချက်အရ...

သီလဝါအထူးစီးပွားရေးဇုန်၌ ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး ရှေ့ပြေးစီမံကိန်း ဖွင့်လှစ်

သီလဝါအထူးစီးပွားရေးဇုန်အတွင်း Thilawa Property Development Limited (TPD) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ရှေ့ပြေးစီမံကိန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက် )မွန်းလွဲပိုင်းက သန်လျင်မြို့နယ်၊ သီလဝါဥယျာဉ်မြို့တော်ရှိ Residential & Commercial ဧရိယာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071