Friday, July 31, 2026

အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးအသင်း၏ ပွဲကစားချိန်များ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃၁၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏...

ဟင်္သာတနှင့် တာချီလိတ်တွင် ရေကြီးနိုင်၍ ဒေသခံများ...

နေပြည်တော်၊ဇူလိုင်-၃၁ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက် ၇ နာရီတွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်အရ ဟင်္သာတမြို့နှင့် တာချီလိတ်မြို့တို့တွင်...

ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရဟု...

လေးမျက်နှာ၊ဇူလိုင်-၃၁ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် ငဝန်မြစ်ရေ မြင့်တက်လာပြီး ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ ရေဝင်ရောက်နေသဖြင့် မြို့ပေါ်ရှိစာသင်ကျောင်းများကို ယာယီပိတ်ထားရ‌ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၃၁ ရက် နံနက်...

ဂျပန်လူဦးရေ သန်း ၁၂၀ အောက်...

     မွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်းကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံတွင် နေထိုင်သော ဂျပန်လူဦးရေသည် ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၁၂၀...
HomeMoviesတရုတ်စက်ရုပ်တင်သွင်းမှုအမေရိကပိတ်ပင်ကလက်တုန့်ပြန်မည်--ပေကျင်း

တရုတ်စက်ရုပ်တင်သွင်းမှုအမေရိကပိတ်ပင်ကလက်တုန့်ပြန်မည်–ပေကျင်း

        
အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်ရို‌ေဘာ့တ်စက်ရုပ်အသစ်များနှင့် လျှပ်စစ်အင်ဗာတာများ တင်သွင်းမှုကို ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ တစ်ဖက်သတ်လုပ်ဆောင်လာပါက တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား လက်တုန့်ပြန်သွားမည်ဖြစ်ကာ နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်သွားမည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
         
အမေရိကန်ပြည်ထောင်စုအနေဖြင့် လုပ်ဆောင်ချက်များကို ချက်ချင်းရုပ်သိမ်းရန်နှင့် ၎င်း၏ မှားယွင်းသောပြုမူလုပ်ဆောင်ချက်များကို ရပ်တန့်ရန် ဝန်ကြီးဌာနက တိုက်တွန်းခဲ့ပြီး ထိုအစီအမံများသည် တရုတ်ကုမ္ပဏီများနှင့် ထုတ်ကုန်များအပေါ် ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
       
အမေရိကန်ပြည်ထောင်စုဆက်သွယ်ရေးကော်မရှင်(အက်ဖ်စီစီ) က အမေရိက၏ AI တည်ဆောက်မှုအပေါ် နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်မှုများမှ ကာကွယ်ရန်နှင့် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာမည့် အဓိကစက်မှုလုပ်ငန်းများကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းသည့် အစီအမံများကို ထုတ်ပြန်ခဲ့သည်။
      
အက်ဖ်စီစီသည် ပေကျင်း၏ ထပ်ခါတလဲလဲ တင်ပြချက်များကို လျစ်လျူရှုခဲ့ကာ ၎င်း၏ ကန့်သတ်ချက်အစီအမံများကို ဆက်လက်တိုးမြှင့်ခဲ့ကြောင်း တရုတ်က ပြောကြားခဲ့သည်။
      
အမေရိကသည် နိုင်ငံတော်လုံခြုံရေး အယူအဆကို ယေဘုယျအားဖြင့် အသုံးချနေပြီး ယင်းသည် တရုတ်နှင့် အမေရိကန် စက်မှုလုပ်ငန်းများ၏ အကျိုးစီးပွားများကို လျစ်လျူပြုသည့် ဈေးကွက်ပုံဖျက်ခြင်းနှင့် တစ်ဖက်သတ်အနိုင်ကျင့်ခြင်းအပြုအမူ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးအသင်း၏ ပွဲကစားချိန်များ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃၁၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် အချိန်ဇယားကို တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု (F) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပွဲစဉ်အားလုံးကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ Nagai Stadium ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မြန်မာအသင်း၏ အုပ်စုပွဲစဉ်များမှာ စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် (မြန်မာစံတော်ချိန် ညနေ ၅...

ဟင်္သာတနှင့် တာချီလိတ်တွင် ရေကြီးနိုင်၍ ဒေသခံများ ကြိုတင်သတိပြုရန် အသိပေး

နေပြည်တော်၊ဇူလိုင်-၃၁ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက် ၇ နာရီတွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်အရ ဟင်္သာတမြို့နှင့် တာချီလိတ်မြို့တို့တွင် မြစ်ရေနှင့် ချောင်းရေများ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ဒေသခံများအနေဖြင့် ကြိုတင်သတိပြုကြရန် တိုက်တွန်းထားသည်။ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်သာ လိုတော့သည့်အခြေအနေသို့ ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ အလားတူ မယ်ဆိုင်ချောင်းရေသည်လည်း...

ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရဟု ဆို

လေးမျက်နှာ၊ဇူလိုင်-၃၁ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် ငဝန်မြစ်ရေ မြင့်တက်လာပြီး ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ ရေဝင်ရောက်နေသဖြင့် မြို့ပေါ်ရှိစာသင်ကျောင်းများကို ယာယီပိတ်ထားရ‌ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၃၁ ရက် နံနက် ၆ နာရီအထိ ငဝန်မြစ်ရေသည် မြစ်ကျိုးအင်းအတွင်းသို့ ဝင်ရောက်ကာ ယင်းမှတစ်ဆင့် အ မှတ်(၃)၊ (၄)၊ (၅) ရပ်ကွက်များနှင့် ဂျမ်းကုန်း၊ ကျွန်းကုန်း၊ ကွမ်းခြံကုန်းကျေးရွာများသို့ ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။ လက်ရှိ ရေဘေးသင့်ဒေသများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ ပြောင်းပေးလျက်ရှိပြီး ဇူလိုင် ၃၁ ရက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071