Friday, July 31, 2026

ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU...

ရန်ကုန်၊ ဇူလိုင် ၃၁ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်အဖြစ် ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမှတ် (၇၃) အဆန်နှင့် အမှတ် (၇၄) အစုန်...

အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးအသင်း၏ ပွဲကစားချိန်များ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃၁၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏...

ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရဟု...

လေးမျက်နှာ၊ဇူလိုင်-၃၁ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် ငဝန်မြစ်ရေ မြင့်တက်လာပြီး ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ ရေဝင်ရောက်နေသဖြင့် မြို့ပေါ်ရှိစာသင်ကျောင်းများကို ယာယီပိတ်ထားရ‌ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၃၁ ရက် နံနက်...

တရုတ်စက်ရုပ်တင်သွင်းမှုအမေရိကပိတ်ပင်ကလက်တုန့်ပြန်မည်–ပေကျင်း

        အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်ရို‌ေဘာ့တ်စက်ရုပ်အသစ်များနှင့် လျှပ်စစ်အင်ဗာတာများ တင်သွင်းမှုကို ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ တစ်ဖက်သတ်လုပ်ဆောင်လာပါက တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား လက်တုန့်ပြန်သွားမည်ဖြစ်ကာ နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်သွားမည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက...
HomeMoviesဟင်္သာတနှင့် တာချီလိတ်တွင် ရေကြီးနိုင်၍...

ဟင်္သာတနှင့် တာချီလိတ်တွင် ရေကြီးနိုင်၍ ဒေသခံများ ကြိုတင်သတိပြုရန် အသိပေး

နေပြည်တော်၊ဇူလိုင်-၃၁

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက် ၇ နာရီတွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်အရ ဟင်္သာတမြို့နှင့် တာချီလိတ်မြို့တို့တွင် မြစ်ရေနှင့် ချောင်းရေများ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ဒေသခံများအနေဖြင့် ကြိုတင်သတိပြုကြရန် တိုက်တွန်းထားသည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်သာ လိုတော့သည့်အခြေအနေသို့ ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

အလားတူ မယ်ဆိုင်ချောင်းရေသည်လည်း တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာတွင် စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်သာ ကျန်ရှိတော့ပြီး လာမည့် ၆ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဟင်္သာတမြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်လာပါက အချိန်မီ ရွှေ့ပြောင်းရှောင်ရှားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် မိုးဇလဌာနက သတိပေးနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထား စတင်ပြေးဆွဲ

ရန်ကုန်၊ ဇူလိုင် ၃၁ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်အဖြစ် ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမှတ် (၇၃) အဆန်နှင့် အမှတ် (၇၄) အစုန် ရထားများကို ခေတ်မီ DEMU (Diesel Electric Multiple Unit) ရထားတွဲဆိုင်းသစ်များဖြင့် ယနေ့မှစတင်၍ ပြေးဆွဲခဲ့ကြောင်း သိရသည်။ ခေတ်မီ DEMU ရထား စတင်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး အမှတ်(၁) စင်္ကြံ၌ ကျင်းပခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်...

အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးအသင်း၏ ပွဲကစားချိန်များ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃၁၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် အချိန်ဇယားကို တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု (F) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပွဲစဉ်အားလုံးကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ Nagai Stadium ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မြန်မာအသင်း၏ အုပ်စုပွဲစဉ်များမှာ စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် (မြန်မာစံတော်ချိန် ညနေ ၅...

ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရဟု ဆို

လေးမျက်နှာ၊ဇူလိုင်-၃၁ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် ငဝန်မြစ်ရေ မြင့်တက်လာပြီး ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ ရေဝင်ရောက်နေသဖြင့် မြို့ပေါ်ရှိစာသင်ကျောင်းများကို ယာယီပိတ်ထားရ‌ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၃၁ ရက် နံနက် ၆ နာရီအထိ ငဝန်မြစ်ရေသည် မြစ်ကျိုးအင်းအတွင်းသို့ ဝင်ရောက်ကာ ယင်းမှတစ်ဆင့် အ မှတ်(၃)၊ (၄)၊ (၅) ရပ်ကွက်များနှင့် ဂျမ်းကုန်း၊ ကျွန်းကုန်း၊ ကွမ်းခြံကုန်းကျေးရွာများသို့ ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။ လက်ရှိ ရေဘေးသင့်ဒေသများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ ပြောင်းပေးလျက်ရှိပြီး ဇူလိုင် ၃၁ ရက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071