Home Movies ASEAN HYUNDAI CUP 2026 ပြိုင်ပွဲတွင် ယနေ့ပွဲစဉ်အဖြစ် မြန်မာ-ဖိလစ်ပိုင် ယှဉ်ပြိုင်ကစားမည်

ASEAN HYUNDAI CUP 2026 ပြိုင်ပွဲတွင် ယနေ့ပွဲစဉ်အဖြစ် မြန်မာ-ဖိလစ်ပိုင် ယှဉ်ပြိုင်ကစားမည်

0
94

ဖိလစ်ပိုင်၊ ဇူလိုင် ၂၈

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ASEAN HYUNDAI CUP 2026 ပြိုင်ပွဲကို ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းတွင် မြန်မာအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ New Clark City Athletics Stadium ၌ ကျင်းပသွားမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။


ပွဲစဉ်နှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် အန်ဒါဆင်က အဝေးကွင်းပွဲဖြစ်၍ ခက်ခဲမည်ဆိုသည်ကို သိရှိထားပြီး ပထမပွဲစဉ်အပြီး ခရီးအကြာကြီး လာခဲ့ရသော်လည်း အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


မြန်မာအသင်းသည် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မလေးရှားအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့သည်။

ပုံစာ-ယမန့်နေ ညနေပိုင်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲအပြီး Official Training ပြုလုပ်နေသည့် မြန်မာ့လက် ရွေးစင်အသင်း

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here