Monday, July 27, 2026

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ...

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ...

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊...

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင်...

သားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး Webinar...

ရန်ကုန်၊ ဇူလိုင် ၂၆ ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများ၌ လျင်မြန်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်း Webinar ကို...

Yangon’s Digital Marketing &...

Yangon’s Digital Marketing & AI Panel Discussion ပွဲအခမ်းအနားကို ဇူလ်ိုင်လ (၂၆)ရက်နေ့က ရန်ကုန် ၊ UMFCCI...
HomeNewsLocal Newsမော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌...

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ သီချင်းဆိုခြင်းနှင့် စည်းကမ်းဖောက်ဖျက်ခဲ့သူ (၅၄) ဦးအား ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ်

မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်းနှင့် စည်းကမ်းမဲ့ အပြုအမူများ ပြုလုပ်ကာ အခြားခရီးသည်များအား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် ဒေါ်မြသန်း ပါဝင်သော အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၅၄) ဦးတို့အား မီးရထားဌာနက တရားလိုပြုလုပ်၍ ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က အဆိုပါ အမှတ် (၈၄) အဆုန် DEMU ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် ဦးမြင့်ကြည်၊ ဒေါ်မြသန်း အပါအဝင် လူဦးရေ (၅၄) ဦးတို့သည် ရထားတွင်း ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံ လက်တန်းပေါ်တွင် တက်ထိုင်ခြင်း၊ ရထားကြမ်းခင်း လျှောက်လမ်းအား ပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့ စားသောက်ခြင်းနှင့် TikTok ဗီဒီယိုများ ရိုက်ကူးခြင်း စသည့် စည်းကမ်းမဲ့ ပြုမူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ လိုက်ပါစီးနင်းသူ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေခဲ့သည့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာ့မီးရထား၊ တိုင်းအမှတ် (၈) (မော်လမြိုင်) မှ အထူးတန်း ရုံပိုင်ကြီး ဦးသန်းစိုးက တရားလိုပြုလုပ်၍ မော်လမြိုင်မြို့မ ရဲစခန်းတွင် သွားရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ပါဝင်သူ (၅၄) ဦးလုံးအား မော်လမြိုင်မြို့မ ရဲစခန်း၌ (ပ) ၁၂၉/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အများသုံး ပို့ဆောင်ဆက်သွယ်ရေး ယာဉ်များဖြစ်သည့် ရထား၊ မော်တော်ယာဉ်နှင့် လေယာဉ်များ စီးနင်းရာတွင် ပြည်သူပိုင် ပစ္စည်းများနှင့် သတ်မှတ်စည်းကမ်းများကို လိုက်နာစောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို့၊ အမှားအယွင်းများ ဖြစ်ပေါ်ပါကလည်း ဆဲဆိုစော်ကားခြင်း မဟုတ်ဘဲ ယဉ်ကျေးသည့် အသိုင်းအဝိုင်းအတိုင်း ထောက်ပြပြုပြင်ပေးသည့် လူမှုယဉ်ကျေးမှုကို ထိန်းသိမ်းရန် လိုအပ်ကြောင်း အဆိုပါ ဖြစ်စဉ်က အသိပညာပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ ထူးခြားလှတဲ့ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်နဲ့ ဒြပ်မဲ့ယဉ်‌ကျေးမှု အမွေအနှစ်ပေါင်းစပ်ရာ နှလုံးအိမ်ကြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီးကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အထူးအလေးထားဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပြီး ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားအဆင့်ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်တဲ့ ဝဇီရာရုပ်ရှင်ရုံကြီးဟာနိုင်ငံတကာအဆင့်မီခမ်းနားထည်ဝါစွာ တင်ဆက်ကြည့်ရှုနိုင်မယ့် တစ်ခုတည်းသော အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာတော့မှာပါ။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရုံသာမက ရှေးဟောင်းအမွေအနှစ် ခရီးသွားလုပ်ငန်း (Heritage Tourism) နဲ့...

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင် လဲကျပြီး မောင်းနှင်နေသည့် ကားပေါ်သို့ ပိမိခဲ့ရာ လူ ၂ ဦး ကားအတွင်းညပ်နေခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်ကယ် ဆယ်ရေးဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။ အခင်းဖြစ်နေရာတွင် ကားအတွင်းညပ်နေသည့် ဒဏ်ရာရအမျိုးသားတစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးတို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ကားအ တွင်းမှ...

သားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး Webinar ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၂၆ ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများ၌ လျင်မြန်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်း Webinar ကို ဇူလိုင် ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ သိရသည်။ အဆိုပါ "Decision-Making on Obstetric Emergencies for Nurses and Midwives in Clinical Settings" အွန်လိုင်း Live Webinar ကို မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ ဦးစီး၍ ဇူလိုင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071