Thursday, August 13, 2026

ဝမ်းပျက်ဝမ်းလျောရောဂါကြိုတင်ကာကွယ်ရန် တာမွေ အားကာသိပ္ပံဝင်းအတွင်းရှိ ရေကန်များအတွင်း...

ရန်ကုန်တိုင်း၊ တာမွေမြိုနယ်၊ တာမွေကြီး(ခ)ရပ်ကွက်ရှိ အားကစားနှင့်ကာယပညာသိပ္ပံဝန်းအတွင်း၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် တာမွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ် ၁၂ ရက်တွင်ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ အားကစားနှင့်ကာယပညာသိပ္ပံဝန်းအတွင်းရှိ ရေဂါလံတစ်သိန်းဆံ့(၁)ကန်၊ ရေဂါလံတစ်သောင်းဆံ့(၅)ကန်၊ ရေဂါလံတစ်သောင်းရှစ်ထောင်ဆံ့(၁)ကန်တို့အား...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်သစ်အဖြစ်  Colin...

ရန်ကုန်​၊သြဂုတ်-၁၃ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် အင်္ဂလန်နိုင်ငံသား နည်းပြ Colin Bell (ကောလင်းဘဲလ်) ကို ခန့်အပ်လိုက်ပြီး...

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ် တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့)တွင်...

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့ ဩဂုတ် ၁၃ ရက်နံ နက် ၁၀ နာရီက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ် တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း...

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...
HomeNewsLocal Newsနိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ်...

နိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ

နိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲမင်္ဂလာကို ယနေ့ ဇူလိုင် ၂၄ ရက်နံနက်ပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော်ကြီးတို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ဆရာတော်ကြီး(၂၇)ပါးကြွရောက်တော်မူခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြကြောင်း သိရသည်။

သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်လာကြသူများက ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ကြီးများချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဒု- သမ္မတဦးညိုစောနှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝမ်းပျက်ဝမ်းလျောရောဂါကြိုတင်ကာကွယ်ရန် တာမွေ အားကာသိပ္ပံဝင်းအတွင်းရှိ ရေကန်များအတွင်း ကလို ရင်းဆေးခတ်

ရန်ကုန်တိုင်း၊ တာမွေမြိုနယ်၊ တာမွေကြီး(ခ)ရပ်ကွက်ရှိ အားကစားနှင့်ကာယပညာသိပ္ပံဝန်းအတွင်း၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် တာမွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ် ၁၂ ရက်တွင်ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ အားကစားနှင့်ကာယပညာသိပ္ပံဝန်းအတွင်းရှိ ရေဂါလံတစ်သိန်းဆံ့(၁)ကန်၊ ရေဂါလံတစ်သောင်းဆံ့(၅)ကန်၊ ရေဂါလံတစ်သောင်းရှစ်ထောင်ဆံ့(၁)ကန်တို့အား ကလိုရင်းဆေးခတ်ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်သစ်အဖြစ်  Colin Bell ကို ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်

ရန်ကုန်​၊သြဂုတ်-၁၃ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် အင်္ဂလန်နိုင်ငံသား နည်းပြ Colin Bell (ကောလင်းဘဲလ်) ကို ခန့်အပ်လိုက်ပြီး ၃ နှစ် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက MFF အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နည်းပြချုပ်သစ် Colin Bell ၏ ဘောလုံးလောကအတွင်း ဖြတ် သန်းခဲ့သည့်အတွေ့အကြုံများနှင့် အောင် မြင်မှုမှတ်တမ်းများကို မိတ်ဆက်ပေးခဲ့ပြီး MFF အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က...

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ် တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့)တွင် ကြယ်ပွင့်ပြမေး ခွန်း(၁၂) ခုမေးမြန်းဖြေကြားခဲ့ကြ 

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့ ဩဂုတ် ၁၃ ရက်နံ နက် ၁၀ နာရီက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ် တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ရှမ်းပြည်နယ်လွှတ် တော်ကမှတ်တမ်းတင်သည်ဟုကြေညာခဲ့ကြောင်း သိရသည်။ ထို့နောက် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်အမှတ်(၁)ဦးခွန်သက်နိုင်၊ မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်ခိုင်သန္တာထွေး၊ လောက်ကိုင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးဟော်ထိုက်ဖူ(ခ)ဦးအောင်ကျော်ထွန်း၊ ကွတ်ခိုင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်အမှတ်(၂)ဦး​​ဌေးဝင်းလှိုင်တို့က ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မိုင်းရယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အမှတ်(၁)ဦးစိုင်းခမ်းကော်၊ ကွန်ဟိန်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးဝင်းလှိုင်၊ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အမှတ်(၁)ဦးနော်တောင်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071