Home Movies နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်

0
95

နေပြည်တော်၊ ဇူလိုင် ၂၄

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်အရောက် ရွှေကြာသင်္ကန်းတော်ကို ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကြာသင်္ကန်းတော်ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် လုံးတော်ပြည့် ရောင်တော်ဖွင့်ဆေးသင်္ကန်း ကပ်လှူပြီးစီးအောင်မြင်ခြင်း နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အောင်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ရွှေကြာသင်္ကန်းတော်ကို ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here