နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဇူလိုင် ၂၂ ရက်နှင့် ယနေ့ ဇူလိုင် ၂၃ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးတော်များပြိုကျကာ အခြေခံပညာစာသင်ကျောင်း(၁)ကျောင်းကိုခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဆည်စုကျေးရွာရှိ ဂူနှစ်လုံးကုန်းတော်ပေါ်တွင်တည် ထားသည့် ဉာဏ်တော်အမြင့်(၃၀)ပေရှိ စေတီတစ်ဆူ၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ စိုက်ခင်း(၃)ကျေးရွာ၊ ရွှေဝါမြိုင်ဟိတဓရတက္ကသီလာကျောင်းတိုက်ရှိ ဉာဏ်တော်အမြင့်(၆)ပေခန့်၊ အကျယ်(၅)ပေခန့် စေတီ(၉)ဆူအ နက်(၈)ဆူပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာရှိ ရွှေခဲအင်းဘုန်းတော်ကြီးကျောင်းအားကာရံထားသည့် အမြင့်(၆)ပေခန့်ရှိ အုတ်နံရံခြံစည်းရိုးအရှည်ပေ(၁၃၈) ပေခန့်လည်းပြိုကျပျ-က်စီးခဲ့ကြောင်း သိရသည်။
ထို့အတူ ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနီးရှိ ရအောင်းချောင်းရေမြင့်တက်ကာ အ.ထ.က(ခွဲ)(ရွာသစ်)အတွင်းရေဝင်ရောက်ခဲ့သဖြင့် ကျောင်းအားခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။
