Friday, July 17, 2026

တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD...

အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ ယူလို့ရနေပါပြီ။ ​တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို...

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen...

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း...

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen...

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း...

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုမြှင့်တင်ရန်ရည်မှန်းထားဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးပြော

မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်မှန်းထားသည်ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေး က ပြောသည်။ ဒုတိယသမ္မတဒေါ်နန်းနီနီအေးက ယနေ့ ဇူလိုင် ၁၇ ရက်နံ နက်ပိုင်းတွင်...
HomeNewsLocal Newsအမျိုးသမီးရေးရာဝန်ကြီးဌာန၏ (၅) နှစ်တာလုပ်ငန်းစီမံချက်နှင့်...

အမျိုးသမီးရေးရာဝန်ကြီးဌာန၏ (၅) နှစ်တာလုပ်ငန်းစီမံချက်နှင့် အမျိုးသမီးများဘဝမြှင့်တင်ရေးအစီအစဉ်များကို လွှတ်တော်တွင် မေးမြန်း

နေပြည်တော်၊ ဇူလိုင် ၁၇

အသစ်ဖွဲ့စည်းထားသည့် အမျိုးသမီးရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် လာမည့် (၅) နှစ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များကို ပြည်သူများသိရှိနိုင်ရေး ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအေးချမ်းက မေးမြန်းခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် လိင်ပိုင်းဆိုင်ရာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် အမျိုးသမီးများ၏ အရေအတွက်ကို လာမည့် (၅) နှစ်အတွင်း လျှော့ချနိုင်ရေးအတွက် အစီအစဉ်များရှိ၊ မရှိနှင့် လူကုန်ကူးမှု၊ လိ-င်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ လျော့နည်းစေရေး၊ KTV နှင့် မာဆတ်လုပ်ငန်းများတွင် ခေါင်းပုံဖြတ်ခံနေရသည့် အမျိုးသမီးများနှင့် စားဝတ်နေရေးအခက်အခဲကြောင့် ရုန်းကန်နေရသည့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝနှင့် လုပ်ငန်းခွင်လုံခြုံရေးအတွက် ဝန်ကြီးဌာန၏ ကာကွယ်စောင့်ရှောက်ရေးနှင့် ဘဝမြှင့်တင်ရေးအစီအစဉ်များကိုလည်း သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

ယင်းမေးခွန်းများကို အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်က ပြန်လည်ဖြေကြားခဲ့သည်။

ဒုတိယဝန်ကြီးက အမျိုးသမီးရေးရာဝန်ကြီးဌာနသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDG-5) ဖြစ်သည့် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များ၏ စွမ်းပကားမြှင့်တင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့အပြင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ စွမ်းပကားမြှင့်တင်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ လူမှုရေးဝန်ဆောင်မှုများ လက်လှမ်းမီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေးနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ရေးတို့ကို ဦးစားပေးလုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လိ-င်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လုံးဝလက်မခံသည့် မူဝါဒဖြင့် ဆောင်ရွက်လျက်ရှိပြီး ပဋိပက္ခအတွင်း လိ-င်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ စုံစမ်းစစ်ဆေးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးတို့အတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ လုပ်ငန်းစီမံချက်၏ အကောင်အထည်ဖော်မှု တိုးတက်မှုများကို ကုလသမဂ္ဂ လိ-င်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် (၆) လတစ်ကြိမ် ပုံမှန်အစီရင်ခံတင်ပြလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD ရနိုင်ပြီ

အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ ယူလို့ရနေပါပြီ။ ​တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို တုံ့ပြန်ဖို့နဲ့ ပညာရေးသုတေသနတွေနဲ့ စီးပွားရေးလက်တွေ့နယ်ပယ်ကြားက ကွာဟချက်ကို ပေါင်းကူးပေးဖို့အတွက် အဆင့်မြင့်ပညာရေးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ ပြောင်းလဲပြင်ဆင်နေတာပါ။ ၂၀၂၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အမျိုးသားဘွဲ့နှင်းဥပဒေအရ နည်းပညာပိုင်းဆိုင်ရာ ဒေါက်တာဘွဲ့လျှောက်မယ့်သူတွေကို ပုံမှန်လုပ်နေကျဖြစ်တဲ့ ဘွဲ့လွန်ကျမ်းပြုစုခြင်းကို ကျော်ဖြတ်နိုင်မယ့် လမ်းကြောင်းနှစ်သွယ် ပညာရေးစနစ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။ ​အဲဒီအစား ကျောင်းသားတွေကို တကယ်ထိတွေ့လို့ရတဲ့ လက်တွေ့ကမ္ဘာက...

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen ကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေ

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာအသင်းသည် လေ့ကျင့်ရေးအစီ အစဉ်အတွင်း နည်းဗျူဟာပိုင်း၊ အသင်းလိုက်ပူးပေါင်းကစားပုံနှင့် ကြံ့ခိုင်မှုပိုင်းများကိုအဓိကထားလေ့ကျင့်ခဲ့ပြီး ဗီယက်နမ်အသင်းနှင့် ရင်ဆိုင်မည့် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်နေကြောင်း သိရသည်။ မြန်မာနှင့် ဗီယက်နမ်တို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ Thai Nguyen Stadium၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀...

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen ကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေ

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာအသင်းသည် လေ့ကျင့်ရေးအစီ အစဉ်အတွင်း နည်းဗျူဟာပိုင်း၊ အသင်းလိုက်ပူးပေါင်းကစားပုံနှင့် ကြံ့ခိုင်မှုပိုင်းများကိုအဓိကထားလေ့ကျင့်ခဲ့ပြီး ဗီယက် နမ်အသင်းနှင့် ရင်ဆိုင်မည့် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်နေကြောင်း သိရသည်။ မြန်မာနှင့် ဗီယက်နမ်တို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ Thai Nguyen Stadium၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071