နေပြည်တော်၊ ဇူလိုင်-၁၆
နေပြည်တော်ရှိ MGallery Hotel တွင် အိန္ဒိယသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပလျက်ရှိသည့် Constitutionalism and Federalism အလုပ်ရုံဆွေးနွေးပွဲသို့ 7 EAO Alliance အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများ၊ ဖက်ဒရယ်စနစ်၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာပုံများနှင့် သက်ဆိုင်ရာ အတွေ့အကြုံများကို လေ့လာဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နေသည့် 7 EAO Alliance အဖွဲ့ဝင်အဖွဲ့အစည်းများ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း ထုတ်ပြန်ဖော်ပြထားသည်။