Thursday, July 16, 2026

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး...

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ...

ထိုင်း၌ လာဘ်ထိုးပြီး အရာရှိ ဖြစ်လာသူ...

အစိုးရအရာရှိဝန်ထမ်းစားမေးပွဲ လိမ်လည်မှုအရှုပ်တော်ပုံတွင် အဓိကသံသယရှိသူအားလုံးကို ဖမ်းဆီးထားပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သော အရာရှိများကို တရားစွဲဆိုမည်ဖြစ်ကာ စာမေးပွဲလိမ်လည်မှုတွင် ပါဝင်သူများကို အလုပ်ထုတ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်းအရာရှိများက...

ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားတရုတ်က ကြားဝင်ညှိနှိုင်းဖွယ်ရှိ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကိုလည်း ဖိတ်ကြားထားသောကြောင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်၏ တရုတ်နိုင်ငံခရီးစဉ်သည် အာရုံစိုက်စရာဖြစ်နေပြီး ပေကျင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများလျှော့ချရာတွင် အခန်းကဏ္ဍတစ်ခုမှ ထပ်မံကြိုးပမ်းနိုင်သည်ဟု...

မြို့ပြအင်္ဂါရပ်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့ရှိ...

ရန်ကုန်မြို့ပြအင်္ဂါရပ် ပိုမိုသပ်ရပ်လှပစေရန်နှင့် လမ်းမကြီးများပေါ်ရှိ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းစဉ်အား အစိုးရမှ စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...
HomeNewsLocal Newsမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၆ လအတွင်း...

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၆ လအတွင်း တိုင်ကြားစာ (၂၉၅) မှုကို စိစစ်ဆောင်ရွက်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇန်နဝါရီမှ ဇွန်လအထိ တိုင်ကြားစာ (၂၉၅) မှုကို စိစစ်ဆောင်ရွက်ခဲ့ပြီး အမှုအချို့ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအကြံပြုခဲ့ကြောင်း ကော်မရှင်က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်သည်။

ကော်မရှင်ထံ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ရောက်ရှိလာသည့် မီဒီယာသတင်းများအပါအဝင် တိုင်ကြားစာ (၂၉၅) မှုကို ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၇ အရ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး (၂၁) ကြိမ်ကျင်းပ၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိစစ်ဆောင်ရွက်ခဲ့သည့် အမှုများအနက် (၆၄) မှုကို သက်ဆိုင်ရာ အစိုးရဌာနနှင့် အဖွဲ့အစည်းများထံ စစ်ဆေးဆောင်ရွက်ပေးရန် အကြံပြုတိုက်တွန်းခဲ့ပြီး (၃၃) မှုကို တိုင်ကြားသူများထံ အကြံပြုပြန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်ရှိသည့် တိုင်ကြားစာ (၁၉၆) မှုမှာ ကော်မရှင်ဥပဒေပုဒ်မ ၃၇ အရ တရားရုံးတွင် စစ်ဆေးကြားနာဆဲအမှုများ၊ အယူခံ သို့မဟုတ် ပြင်ဆင်မှုဆောင်ရွက်ဆဲအမှုများ၊ တရားရုံးက အပြီးသတ်စီရင်ဆုံးဖြတ်ပြီးသော အမှုများ၊ တိုင်ကြားချက်အင်္ဂါရပ်နှင့် မကိုက်ညီသည့် အမှုများနှင့် ယခင်ဆောင်ရွက်ပြီးဖြစ်သည့် အမှုများဖြစ်သဖြင့် မှတ်တမ်းတင်ထားရှိခဲ့ကြောင်း၊ ထို့ပြင် ကာယကံရှင်၏ သဘောဆန္ဒဖြင့် အမှုပိတ်သိမ်းခဲ့သည့် အမှု (၂) မှုလည်း ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃ အရ အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံနေရသူများနှင့် ထိန်းသိမ်းစောင့်ရှောက်ထားသူများ၏ လူ့အခွင့်အရေးအခြေအနေကို စစ်ဆေးနိုင်ရန် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ဗဟိုအကျဉ်းထောင် (၂) ခု၊ အချုပ်ထောင် (၁) ခု၊ အကျဉ်းစခန်း (၄) ခု၊ ရဲစခန်းအချုပ်ခန်း (၇) ခု၊ တရားရုံးအချုပ်ခန်း (၂) ခု၊ လူငယ်သင်တန်းကျောင်း (၃) ခုနှင့် ဘိုးဘွားရိပ်သာ (၃) ခုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆေးမှုများအပြီးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများထံ အကြံပြုချက်များ ပေးပို့ခဲ့သည့်အပြင် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် အချုပ်ခန်းများ၌ အကျဉ်းသားနှင့် အချုပ်သား စုစုပေါင်း (၉၈) ဦးကို တစ်ဦးချင်း သီးခြားတွေ့ဆုံမေးမြန်း၍ ၎င်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး အစီအစဉ် စတင်လျှောက်ထားနိုင်ပြီ

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်း၍ လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါအစီအစဉ်ကို (IUNC- International Union For Conservation of Nature ) နှင့်Friends of Wildlife (FOW) တို့ ပူးပေါင်း၍ တနင်္သာရီ သဘာဝကြိုးဝိုင်းရေမြေရှုခင်းအတွင်း သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော...

ထိုင်း၌ လာဘ်ထိုးပြီး အရာရှိ ဖြစ်လာသူ ၅,၀၀၀ ခန့် အလုပ်ပြုတ်မည်

အစိုးရအရာရှိဝန်ထမ်းစားမေးပွဲ လိမ်လည်မှုအရှုပ်တော်ပုံတွင် အဓိကသံသယရှိသူအားလုံးကို ဖမ်းဆီးထားပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သော အရာရှိများကို တရားစွဲဆိုမည်ဖြစ်ကာ စာမေးပွဲလိမ်လည်မှုတွင် ပါဝင်သူများကို အလုပ်ထုတ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်းအရာရှိများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။        တစ်နိုင်ငံလုံးရှိ ဒေသန္တရအစိုးရဝင်ခွင့်စာမေးပွဲရလဒ်များကို လိမ်လည်ရာတွင် အဓိကသံသယရှိသူ သုံးဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပြောကြားခဲ့သည်။        ရဲစုံစမ်းစစ်ဆေးရေးမှူးများသည် အထောက်အထားများကို စုဆောင်းနေကာ ၎င်းတို့နှင့်ပတ်သက်သည့် အမှုအပြည့်အစုံကို စုစည်းနေဆဲဖြစ်သည်။ အမှန်တရားကို လူထုသို့ ထုတ်ဖော်အသိပေးသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။        Kasetsart တက္ကသိုလ် ရာထူးတိုးရေးနှင့် လေ့ကျင့်သင်ကြား‌ရေးရုံး ညွှန်ကြားရေးမှူး၏...

ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားတရုတ်က ကြားဝင်ညှိနှိုင်းဖွယ်ရှိ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကိုလည်း ဖိတ်ကြားထားသောကြောင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်၏ တရုတ်နိုင်ငံခရီးစဉ်သည် အာရုံစိုက်စရာဖြစ်နေပြီး ပေကျင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများလျှော့ချရာတွင် အခန်းကဏ္ဍတစ်ခုမှ ထပ်မံကြိုးပမ်းနိုင်သည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်စေခဲ့သည်။      ကြာသပတေးနေ့မှ တနင်္လာနေ့အထိ ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း အနူတင်သည် ရှန်ဟိုင်း၊ ချန်ဒူးနှင့် ပေကျင်းမြို့များသို့ သွားရောက်မည်ဖြစ်ကာ စီးပွားရေး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်သည်။     ဇူလိုင်လ ၁၇ ရက် နေ့တွင် ရှန်ဟိုင်း၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ AI ညီလာခံ(WAIC)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071