Thursday, July 16, 2026

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး...

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ...

ထိုင်း၌ လာဘ်ထိုးပြီး အရာရှိ ဖြစ်လာသူ...

အစိုးရအရာရှိဝန်ထမ်းစားမေးပွဲ လိမ်လည်မှုအရှုပ်တော်ပုံတွင် အဓိကသံသယရှိသူအားလုံးကို ဖမ်းဆီးထားပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သော အရာရှိများကို တရားစွဲဆိုမည်ဖြစ်ကာ စာမေးပွဲလိမ်လည်မှုတွင် ပါဝင်သူများကို အလုပ်ထုတ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်းအရာရှိများက...

မြို့ပြအင်္ဂါရပ်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့ရှိ...

ရန်ကုန်မြို့ပြအင်္ဂါရပ် ပိုမိုသပ်ရပ်လှပစေရန်နှင့် လမ်းမကြီးများပေါ်ရှိ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းစဉ်အား အစိုးရမှ စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်

မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်နေသည့် ကွန်ကရစ်ဇလီဖားတုံးများ အတွက် အထောက်ကူပြုမည်ဖြစ် သီပေါ၊ဇူလိုင်-၁၅ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ် ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းကို ယမန်နေ့ ဇူလိုင် ၁၅...
HomeInternationalထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားတရုတ်က ကြားဝင်ညှိနှိုင်းဖွယ်ရှိ

ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားတရုတ်က ကြားဝင်ညှိနှိုင်းဖွယ်ရှိ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကိုလည်း ဖိတ်ကြားထားသောကြောင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်၏ တရုတ်နိုင်ငံခရီးစဉ်သည် အာရုံစိုက်စရာဖြစ်နေပြီး ပေကျင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများလျှော့ချရာတွင် အခန်းကဏ္ဍတစ်ခုမှ ထပ်မံကြိုးပမ်းနိုင်သည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်စေခဲ့သည်။
      
ကြာသပတေးနေ့မှ တနင်္လာနေ့အထိ ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း အနူတင်သည် ရှန်ဟိုင်း၊ ချန်ဒူးနှင့် ပေကျင်းမြို့များသို့ သွားရောက်မည်ဖြစ်ကာ စီးပွားရေး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်သည်။
     
ဇူလိုင်လ ၁၇ ရက် နေ့တွင် ရှန်ဟိုင်း၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ AI ညီလာခံ(WAIC) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် စီစဉ်ထားသည်။
          
“ပိုမိုတောက်ပသော အနာဂတ်အတွက် AI မိတ်ဖက်မှု” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အခမ်းအနားကို ဟွန်မာနက်လည်း တက်ရောက်မည်ဖြစ်သည်။
     
ပေကျင်းသည် ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ဆွေးနွေးမှုကို တိုက်တွန်းအားပေးခဲ့ပြီး ၎င်းတို့၏ နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းသော ညှိနှိုင်းမှုများမှတဆင့် ဖြေရှင်းရေးကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
     
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယမန်နှစ် ဒီဇင်ဘာလအတွင်းက ယူနန်ပြည်နယ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားဝန်ကြီးများနှင့် သုံးပွင့်ဆိုင် အစည်းအဝေးတစ်ခုကို လက်ခံကျင်းပခဲ့သည်။ နှစ်နိုင်ငံအကြား တင်းမာမှုများကို ကြားဝင်ညှိနှိုင်းရန် ပေကျင်းက ကတိပြုခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံ အငြင်းပွားမှုတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
        
တစ်ချိန်တည်းမှာပင် အနူတင်၏ ခရီးစဉ်သည် ထိုင်းနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ၅၁ နှစ်မြောက် နှစ်ပတ်လည်နှင့် တိုက်ဆိုင်နေကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

Ref: ထိုင်းပီဘီအက်စ်ဝေါလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး အစီအစဉ် စတင်လျှောက်ထားနိုင်ပြီ

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်း၍ လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါအစီအစဉ်ကို (IUNC- International Union For Conservation of Nature ) နှင့်Friends of Wildlife (FOW) တို့ ပူးပေါင်း၍ တနင်္သာရီ သဘာဝကြိုးဝိုင်းရေမြေရှုခင်းအတွင်း သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော...

ထိုင်း၌ လာဘ်ထိုးပြီး အရာရှိ ဖြစ်လာသူ ၅,၀၀၀ ခန့် အလုပ်ပြုတ်မည်

အစိုးရအရာရှိဝန်ထမ်းစားမေးပွဲ လိမ်လည်မှုအရှုပ်တော်ပုံတွင် အဓိကသံသယရှိသူအားလုံးကို ဖမ်းဆီးထားပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သော အရာရှိများကို တရားစွဲဆိုမည်ဖြစ်ကာ စာမေးပွဲလိမ်လည်မှုတွင် ပါဝင်သူများကို အလုပ်ထုတ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်းအရာရှိများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။        တစ်နိုင်ငံလုံးရှိ ဒေသန္တရအစိုးရဝင်ခွင့်စာမေးပွဲရလဒ်များကို လိမ်လည်ရာတွင် အဓိကသံသယရှိသူ သုံးဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပြောကြားခဲ့သည်။        ရဲစုံစမ်းစစ်ဆေးရေးမှူးများသည် အထောက်အထားများကို စုဆောင်းနေကာ ၎င်းတို့နှင့်ပတ်သက်သည့် အမှုအပြည့်အစုံကို စုစည်းနေဆဲဖြစ်သည်။ အမှန်တရားကို လူထုသို့ ထုတ်ဖော်အသိပေးသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။        Kasetsart တက္ကသိုလ် ရာထူးတိုးရေးနှင့် လေ့ကျင့်သင်ကြား‌ရေးရုံး ညွှန်ကြားရေးမှူး၏...

မြို့ပြအင်္ဂါရပ်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့ရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း

ရန်ကုန်မြို့ပြအင်္ဂါရပ် ပိုမိုသပ်ရပ်လှပစေရန်နှင့် လမ်းမကြီးများပေါ်ရှိ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းစဉ်အား အစိုးရမှ စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက အလုံလမ်းနှင့် ဗဟိုလမ်းထောင့်၊ ရွှေတိဂုံဘုရားလမ်းတစ်လျှောက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာမျိုးသော်က လမ်းမကြီးများတစ်လျှောက်တွင် နှစ်ရှည်လများ ရှုပ်ထွေးပွေလီစွာ သွယ်တန်းထားသည့် ကေဘယ်လ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးဟောင်းများသည် မြို့ပြအလှအပကို ထိခိုက်စေရုံတင်မကဘဲ ပြည်သူလူထုအတွက် မီးဘေးအန္တရာယ်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071