Thursday, July 16, 2026

၂၀၂၇ ခုနှစ် ယူ-၁၇ အမျိုးသမီး...

အုပ်စု (G)ပွဲစဥ်များ  ရန်ကုန်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ၂၀၂၇ ခုနှစ် ယူ-၁၇ အမျိုးသမီး အာရှဖလားပြိုင်ပွဲ (AFC U17 Women's Asian...

အိန္ဒိယသံရုံး စီစဉ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်...

နေပြည်တော်၊ ဇူလိုင်-၁၆ နေပြည်တော်ရှိ MGallery Hotel တွင် အိန္ဒိယသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပလျက်ရှိသည့် Constitutionalism and Federalism အလုပ်ရုံဆွေးနွေးပွဲသို့ 7...

တစ်နှစ်အတွင်း မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်​ငွေ...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံတကာဈေးကွက်သို့ သစ်သီးဝလံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ...

ရန်ကုန်ရှိ အဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ်...

ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ ငလျင်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်အခြေအနေကို အကဲဖြတ်စစ်ဆေးနိုင်ရန် မြန်မာနိုင်ငံငလျင်ကော်မတီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကာ Pilot Project အဖြစ် ဇူလိုင်လ...
HomeMoviesအရေးပေါ်အခြေအနေကြေညာထားသည့်ကာလ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့...

အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ(ကိုယ်စား)အဆိုတင်သွင်း

နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၂၁ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဖြင့်ကြေညာခဲ့သည့် အရေးပေါ်အခြေအနေကာလ၏ ရက်ပေါင်း(၉၀)ပြည့်မြောက်ရန်နီးကပ်လာ၍ ထပ်မံတိုးမြှင့်သတ်မှတ်ပေးပါရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။

ဇူလိုင် ၁၄ ရက်ကကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် ဒု-ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေပြန်လည်ရောက်ရှိစေရန် အရေးပေါ်အခြေအနေကြေညာထားခြင်းကာလကို တိုးမြှင့်သတ်မှတ်ရန်လိုအပ်လျက်ရှိသည်ဟု ရှင်းလင်းပြောဆိုသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂ ပုဒ်မခွဲ(ဃ)မှ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဆက်လက်အတည်ဖြစ်သည့် ကာလတိုးမြှင့်သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူပေးနိုင်ရေးအ တွက် နိုင်ငံတော်သမ္မတ (ကိုယ်စား) အဆိုတင်သွင်းခြင်းဖြစ်သည်ဟု ရှင်းလင်းပြောဆိုသည်။

ထို့နောက် အဆိုကို ထပ်မံဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏ အမည်စာရင်းများကို ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ တင်သွင်းနိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးကကြေညာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၇ ခုနှစ် ယူ-၁၇ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအသင်းအုပ်စု (G)တွင်ကျရောက်၊

အုပ်စု (G)ပွဲစဥ်များ  ရန်ကုန်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ၂၀၂၇ ခုနှစ် ယူ-၁၇ အမျိုးသမီး အာရှဖလားပြိုင်ပွဲ (AFC U17 Women's Asian Cup China 2027)အတွက် ပထမအဆင့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့ ဇူလိုင် ၁၆ ရက်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာ ယူ-၁၇ အမျိုးသမီးလက်ရွေးစင်အသင်းသည် အုပ်စု (G)တွင် ဟောင်ကောင်နှင့် ဂူအမ်အသင်းတို့နှင့်အတူ ကျရောက်ခဲ့ကြောင်း သိရသည်။ ယခုနှစ် ခြေစစ်ပွဲတွင် စံချိန်တင်အဖြစ် အသင်းပေါင်း ၃၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး...

အိန္ဒိယသံရုံး စီစဉ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် အလုပ်ရုံဆွေးနွေးပွဲသို့ 7 EAO Alliance တက်ရောက်

နေပြည်တော်၊ ဇူလိုင်-၁၆ နေပြည်တော်ရှိ MGallery Hotel တွင် အိန္ဒိယသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပလျက်ရှိသည့် Constitutionalism and Federalism အလုပ်ရုံဆွေးနွေးပွဲသို့ 7 EAO Alliance အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများ၊ ဖက်ဒရယ်စနစ်၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာပုံများနှင့် သက်ဆိုင်ရာ အတွေ့အကြုံများကို လေ့လာဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နေသည့် 7...

တစ်နှစ်အတွင်း မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်​ငွေ ဒေါ်လာ ၂၂၀ သန်းကျော် ဝင်ငွေရရှိ

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံတကာဈေးကွက်သို့ သစ်သီးဝလံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ စာရင်းများအရ သိရသည်။ အဆိုပါဘဏ္ဍာနှစ်အတွက် သစ်သီးဝလံတန်ချိန် ၈ သိန်းနီးပါး တင်ပို့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄၄ ဒသမ ၆၃ သန်းရရှိရန် လျာထားခဲ့သော်လည်း လက်တွေ့တွင် သစ်သီးဝလံတန်ချိန် ၄ သိန်းနီးပါးသာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ ဒေါ်လာ ၂၂၀ ဒသမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071