စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုလိုသော ဝါ စိုက်တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ အ ကောင်းဆုံးပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးစေရန် စက်ယန္တရားများဖြင့် မြေပြုပြင်ခြင်း၊ ဝါ မျိုးစေ့ချခြင်း၊ ကြားပေါင်းလိုက်ခြင်း၊ ကျောပိုးဝါကောက်စက်ဖြင့် ဝါ ဆွတ်ခူးခြင်းများလုပ်ဆောင်ရာ၌ စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုရန်လိုအပ်ကြောင်း သိရသည်။
ထို့ကြောင့် စက်ယန္တရားများ၊ စက်ကိရိယာများ အသုံး ပြုလိုသော ဝါ စိုက်တောင်သူများအနေဖြင့် စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော် ဖုန်း ၀၆၇ ၃၄၃၁၂၁၅ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
