Wednesday, July 15, 2026

WAICO အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital...

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO)အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင်မည်ဟု ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းဇေယျာလှိုင်က...

ကျိုင်းတုံပြည်သူ့ဆေးရုံမှကျန်းမာရေးအဖွဲ့က အထူးဒေသ(၄)၏ မိုင်းလားနှင့် ဆီလူးခရိုင်တို့တွင်...

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးအဖွဲ့သည် အထူးဒေသ(၄)၏ ကျန်းမာရေးဦးစီးဌာနှင့်ပူးပေါင်း၍ ဇူလိုင် ၁၁ ရက်နှင့် ဇူလိုင် ၁၂ ရက်တို့က...

အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ(ကိုယ်စား)အဆိုတင်သွင်း

နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၂၁ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဖြင့်ကြေညာခဲ့သည့် အရေးပေါ်အခြေအနေကာလ၏ ရက်ပေါင်း(၉၀)ပြည့်မြောက်ရန်နီးကပ်လာ၍ ထပ်မံတိုးမြှင့်သတ်မှတ်ပေးပါရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ ဇူလိုင် ၁၄...

သာကေတ ၁၀ မြောက်စျေးအနီးတွင် Light...

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ၁၀ မြောက်စျေးအ နီးတွင် ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က...
HomeMoviesအလုံမြို့နယ် ဆင်မင်းစျေးကားမှတ်တိုင်တွင် YBS...

အလုံမြို့နယ် ဆင်မင်းစျေးကားမှတ်တိုင်တွင် YBS 144 တိုက်မှုကြောင့် အဖွားအိုတစ်ဦး သေဆုံး

ရန်ကုန်​၊ ဇူလိုင် ၁၄ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းစျေးကားမှတ်တိုင်တွင် ယနေ့ ဇူလိုင် ၁၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ကြီးလေးကြီးလူမှုကူညီရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ YBS 144 ယာဉ်မှ အဖွားအိုတစ်ဦးအား တိုက်မိခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်မှ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ကြီးလေးကြီး လူမှုကူညီရေးအသင်းမှ အရေးပေါ်ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

ကူညီရေးအဖွဲ့ဝင်များက ဖြစ်စဉ်နေရာမှ အဖွားအိုအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင် ဆရာဝန်များ၏ စမ်းသပ်စစ်ဆေးချက်အရ အသက်မရှိတော့ကြောင်း သိရသည်။

ထို့နောက် အဖွားအို၏ ကိုယ်ပိုင်ပစ္စည်းများ၊ ငွေကြေးနှင့် ဖုန်းတစ်လုံးတို့ကို တာဝန်ရှိသူများထံ စနစ်တကျ အပ်နှံခဲ့ပြီး အဆိုပါဖုန်းမှတစ်ဆင့် မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ခဲ့ကြောင်း ကြီးလေးကြီး လူမှုကူညီရေးအသင်းက အသိပေးထားသည်။

အချိန်မီရောက်ရှိကူညီပေးနိုင်ခဲ့သော်လည်း အသက်မမီခဲ့သည့်အတွက် များစွာဝမ်းနည်းမိကြောင်းနှင့် ကွယ်လွန်သူအဖွားအို ကောင်းရာသုဂတိရောက်ရှိပါစေကြောင်း ဆုတောင်းအမျှပေးဝေထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

WAICO အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင်

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO)အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင်မည်ဟု ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းဇေယျာလှိုင်က ရှင်းလင်းပြောဆိုသည်။ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော WAICO ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုဦးစားပေး စံနှုန်းများအဖြစ်ထားရှိပြီး ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရလဒ်ကောင်းများရရှိနိုင်မည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။ ထို့ပြင် AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုအကျိုးကျေးဇူးများကို နိုင်ငံတကာနှင့် တန်းတူမျှဝေခံစားနိုင်ခြင်း၊ နည်းပညာဈေးကွက်နှင့် Digital...

ကျိုင်းတုံပြည်သူ့ဆေးရုံမှကျန်းမာရေးအဖွဲ့က အထူးဒေသ(၄)၏ မိုင်းလားနှင့် ဆီလူးခရိုင်တို့တွင် အခမဲ့ကွင်းဆင်းကုသပေး

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးအဖွဲ့သည် အထူးဒေသ(၄)၏ ကျန်းမာရေးဦးစီးဌာနှင့်ပူးပေါင်း၍ ဇူလိုင် ၁၁ ရက်နှင့် ဇူလိုင် ၁၂ ရက်တို့က မိုင်းလားခရိုင်နှင့် ဆီလူးခရိုင်တို့၌ ဒေသခံများအားအခမဲ့ကျန်းမာရေးကွင်းဆင်းစစ်ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။ အထူးကုဌာန(၁၀)ခုမှ ဆရာဝန်ကြီးများက ဒေသခံ (၂,၀၀၀)ဦးခန့်အားကုသမှုများပြုလုပ်ပေးခဲ့ကြပြီး မိုးရာသီတွင် အဖြစ်များသောရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အထူးဒေသ(၄)အနေဖြင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီပံ့ပိုးမှုများကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံအဆင့် ကျန်းမာ ရေးဝန်ဆောင်မှုပေးခြင်းကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ(ကိုယ်စား)အဆိုတင်သွင်း

နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၂၁ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဖြင့်ကြေညာခဲ့သည့် အရေးပေါ်အခြေအနေကာလ၏ ရက်ပေါင်း(၉၀)ပြည့်မြောက်ရန်နီးကပ်လာ၍ ထပ်မံတိုးမြှင့်သတ်မှတ်ပေးပါရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ ဇူလိုင် ၁၄ ရက်ကကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် ဒု-ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေပြန်လည်ရောက်ရှိစေရန် အရေးပေါ်အခြေအနေကြေညာထားခြင်းကာလကို တိုးမြှင့်သတ်မှတ်ရန်လိုအပ်လျက်ရှိသည်ဟု ရှင်းလင်းပြောဆိုသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂ ပုဒ်မခွဲ(ဃ)မှ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဆက်လက်အတည်ဖြစ်သည့် ကာလတိုးမြှင့်သတ်မှတ်ခြင်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071