Tuesday, July 14, 2026

ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်...

ဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဇူလှိုင် ၁၄ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း မှ လေယာဉ်မယ် မီးနား ကွန်ဒိုနှင့် ဆက်နွှယ်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကိုအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး...

ဖိလစ်ပိုင်က စားနပ်ရိက္ခာပိုမိုဖူလုံရန် AI နှင့်...

မနီလာ၊ ဇူလိုင် ၁၃ ရက် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ တို့သည် စိုက်ပျိုးရေးဆိုင်ရာ ဒေတာကောက်ယူမှုများကို တိုးတက်‌ကောင်းမွန်‌စေရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ပိုမိုဖူလုံရေးအတွက်...

တရုတ်ထိပ်တန်းနိုင်ငံရေးအကြံပေးပြုံယမ်းသို့ သွားမည်

ပေကျင်း၊ ဇူလိုင် ၁၄ ရက် တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဝမ်ဟူနင်း သည် ဇူလိုင်လ ၁၅ ရက် နေ့မှ ၁၇ ရက်...
HomeMoviesအိန္ဒိယရေတပ်က ပြည်တွင်းဖြစ်စစ်ရေယာဉ်အသစ်ကို လက်ခံရယူ

အိန္ဒိယရေတပ်က ပြည်တွင်းဖြစ်စစ်ရေယာဉ်အသစ်ကို လက်ခံရယူ

နူးဒေလီ၊ ဇူလိုင် ၁၁ ရက်

အိန္ဒိယနိုင်ငံတွင် ကိုယ်တိုင်တည်ဆောက်ထားသည့် အဆင့်မြင့် ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ် “INS Mahendragiri” ကို စနေနေ့က အိန္ဒိယရေတပ်၏ အရှေ့ပိုင်းတပ်မဟာထဲသို့ တရားဝင်တပ်တော်ဝင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေတပ်မဟာ အတွင်း တပ်တော်ဝင်ခြင်း အခမ်းအနားကို အိန္ဒိယနိုင်ငံ တောင်ပိုင်း အန္ဓရဒေသပြည်နယ်ရှိ ဝိဆာခါပတ္တနမ်မြို့၌ ကျင်းပခဲ့ပြီး အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ် ဆင်းဂ် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးက ပြောကြားရာ၌ ယခုစစ်ရေယာဉ်သည် အိန္ဒိယနိုင်ငံ၏ ခိုင်မာသော ဒီဇိုင်းနှင့် ထုတ်လုပ်မှုစွမ်းရည်၊ လျင်မြန်စွာ တိုးချဲ့လာနေသော ရေတပ်-စက်မှုကုန်ထုတ်လုပ်ငန်း ဂေဟစနစ်နှင့် အဆင့်မြင့်ပလက်ဖောင်းတစ်ခုကို အချိန်မီပေးပို့နိုင်မှုတို့အပေါ် အခြေခံထားပြီး၊ သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် အိန္ဒိယ၏ ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာခြင်းကို ထင်ဟပ်စေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော တရားဝင်ထုတ်ပြန်ချက်အရ ယခုစစ်ရေယာဉ်သည် ၇၅ ရာခိုင်နှုန်းကျော်ကို ပြည်တွင်းဖြစ်ပစ္စည်းများဖြင့် တည်ဆောက်ထားပြီး တန်ချိန်အားဖြင့် ၆,၆၇၀ တန်ခန့် ရှိကာ တစ်နာရီလျှင် ရေမိုင်၂၈ မိုင် နှုန်းအထိ အမြန်နှုန်း မောင်းနှင်နိုင်ကြောင်း သိရသည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် သည် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ကြေညာခဲ့သည်။ Ref: ဆင်ဟွာ

ဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဇူလှိုင် ၁၄ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း မှ လေယာဉ်မယ် မီးနား ကွန်ဒိုနှင့် ဆက်နွှယ်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကိုအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး လေကြောင်းလိုင်း ဝန်ထမ်းများအပေါ် လေဆိပ်၌ စစ်ဆေးမှုများကို တင်းကျပ်လိုက်သည်။ တရားရေးဝန်ကြီး ရဲဒုတိယဗိုလ်ချုပ်ကြီး ရုတ္တဖွန်း နဝရတ် က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) နှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုတို့သည် စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး၊ ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါဂိုဏ်းနှင့် ဆက်နွှယ်နေသည့် သံသယရှိသူ အများအပြားကို ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ လေဆိပ်များအာဏာပိုင်အဖွဲ့ (AoT) သည် ပြည်ပသို့...

ဖိလစ်ပိုင်က စားနပ်ရိက္ခာပိုမိုဖူလုံရန် AI နှင့် ဂြိုဟ်တုနည်းပညာများကို သုံးမည်

မနီလာ၊ ဇူလိုင် ၁၃ ရက် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ တို့သည် စိုက်ပျိုးရေးဆိုင်ရာ ဒေတာကောက်ယူမှုများကို တိုးတက်‌ကောင်းမွန်‌စေရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ပိုမိုဖူလုံရေးအတွက် ဉာဏ်ရည်တု (AI) နှင့် ဂြိုဟ်တုနည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများ၏ တနင်္လာနေ့ ဖော်ပြချက်အရ သိရသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ အေဂျင်စီနှစ်ခုအကြား ပိုမိုကောင်းမွန်သော ဒေတာမျှဝေခြင်းလုပ်ငန်းသည် မူဝါဒချမှတ်သူများအနေဖြင့် ရိက္ခာထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးမှုကဏ္ဍများတွင် ပိုမိုမှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် ကူညီပေးမည့်အပြင် အစိုးရ၏ အရင်းအမြစ်များကို အမှန်တကယ် လိုအပ်ချက်ရှိနေသည့် ဒေသများသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071