Tuesday, July 14, 2026

ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်...

ဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဇူလှိုင် ၁၄ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း မှ လေယာဉ်မယ် မီးနား ကွန်ဒိုနှင့် ဆက်နွှယ်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကိုအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး...

အိန္ဒိယရေတပ်က ပြည်တွင်းဖြစ်စစ်ရေယာဉ်အသစ်ကို လက်ခံရယူ

နူးဒေလီ၊ ဇူလိုင် ၁၁ ရက် အိန္ဒိယနိုင်ငံတွင် ကိုယ်တိုင်တည်ဆောက်ထားသည့် အဆင့်မြင့် ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ် “INS Mahendragiri” ကို စနေနေ့က အိန္ဒိယရေတပ်၏ အရှေ့ပိုင်းတပ်မဟာထဲသို့...

တရုတ်ထိပ်တန်းနိုင်ငံရေးအကြံပေးပြုံယမ်းသို့ သွားမည်

ပေကျင်း၊ ဇူလိုင် ၁၄ ရက် တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဝမ်ဟူနင်း သည် ဇူလိုင်လ ၁၅ ရက် နေ့မှ ၁၇ ရက်...
HomeMoviesဖိလစ်ပိုင်က စားနပ်ရိက္ခာပိုမိုဖူလုံရန် AI...

ဖိလစ်ပိုင်က စားနပ်ရိက္ခာပိုမိုဖူလုံရန် AI နှင့် ဂြိုဟ်တုနည်းပညာများကို သုံးမည်

မနီလာ၊ ဇူလိုင် ၁၃ ရက်

ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ တို့သည် စိုက်ပျိုးရေးဆိုင်ရာ ဒေတာကောက်ယူမှုများကို တိုးတက်‌ကောင်းမွန်‌စေရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ပိုမိုဖူလုံရေးအတွက် ဉာဏ်ရည်တု (AI) နှင့် ဂြိုဟ်တုနည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများ၏ တနင်္လာနေ့ ဖော်ပြချက်အရ သိရသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ အေဂျင်စီနှစ်ခုအကြား ပိုမိုကောင်းမွန်သော ဒေတာမျှဝေခြင်းလုပ်ငန်းသည် မူဝါဒချမှတ်သူများအနေဖြင့် ရိက္ခာထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးမှုကဏ္ဍများတွင် ပိုမိုမှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် ကူညီပေးမည့်အပြင် အစိုးရ၏ အရင်းအမြစ်များကို အမှန်တကယ် လိုအပ်ချက်ရှိနေသည့် ဒေသများသို့ တိုက်ရိုက်ထိရောက်စွာ ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့သည် သီးနှံထုတ်လုပ်မှုပမာဏကို ခန့်မှန်းတွက်ချက်ရန်အတွက် ဂြိုဟ်တုဓာတ်ပုံများနှင့် AI နည်းပညာကို စမ်းသပ်အသုံးပြုနေပြီဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း ဒေတာများ၏ တိကျမှန်ကန်မှုကို မြှင့်တင်နိုင်ရန် ကွင်းဆင်းစစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများမှတစ်ဆင့် ယခုအစီအစဉ်ကို ပံ့ပိုးကူညီပေးသွားရန် မျှော်လင့်ထားကြောင်း သိရသည်။

ပိုမိုကောင်းမွန်သော စိုက်ပျိုးရေးနှင့် လူဦးရေဆိုင်ရာ ဒေတာအချက်အလက်များသည် ထုတ်လုပ်မှုခန့်မှန်းချက်များကို မြှင့်တင်ပေးနိုင်ခြင်း၊ အနာဂတ်၏ စားနပ်ရိက္ခာလိုအပ်ချက်ကို တွက်ချက်ပေးနိုင်ခြင်းတို့အပြင် နိုင်ငံ၏ ရိက္ခာထောက်ပံ့မှုကို ထိခိုက်စေသည့် ပြဿနာရပ်များအပေါ် အစိုးရအနေဖြင့် ပိုမိုလျင်မြန်စွာ တုံ့ပြန်ဖြေရှင်းနိုင်ရန် အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် သည် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ကြေညာခဲ့သည်။ Ref: ဆင်ဟွာ

ဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဇူလှိုင် ၁၄ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း မှ လေယာဉ်မယ် မီးနား ကွန်ဒိုနှင့် ဆက်နွှယ်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကိုအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး လေကြောင်းလိုင်း ဝန်ထမ်းများအပေါ် လေဆိပ်၌ စစ်ဆေးမှုများကို တင်းကျပ်လိုက်သည်။ တရားရေးဝန်ကြီး ရဲဒုတိယဗိုလ်ချုပ်ကြီး ရုတ္တဖွန်း နဝရတ် က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) နှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုတို့သည် စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး၊ ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါဂိုဏ်းနှင့် ဆက်နွှယ်နေသည့် သံသယရှိသူ အများအပြားကို ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ လေဆိပ်များအာဏာပိုင်အဖွဲ့ (AoT) သည် ပြည်ပသို့...

အိန္ဒိယရေတပ်က ပြည်တွင်းဖြစ်စစ်ရေယာဉ်အသစ်ကို လက်ခံရယူ

နူးဒေလီ၊ ဇူလိုင် ၁၁ ရက် အိန္ဒိယနိုင်ငံတွင် ကိုယ်တိုင်တည်ဆောက်ထားသည့် အဆင့်မြင့် ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ် “INS Mahendragiri” ကို စနေနေ့က အိန္ဒိယရေတပ်၏ အရှေ့ပိုင်းတပ်မဟာထဲသို့ တရားဝင်တပ်တော်ဝင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေတပ်မဟာ အတွင်း တပ်တော်ဝင်ခြင်း အခမ်းအနားကို အိန္ဒိယနိုင်ငံ တောင်ပိုင်း အန္ဓရဒေသပြည်နယ်ရှိ ဝိဆာခါပတ္တနမ်မြို့၌ ကျင်းပခဲ့ပြီး အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ် ဆင်းဂ် တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးက ပြောကြားရာ၌ ယခုစစ်ရေယာဉ်သည် အိန္ဒိယနိုင်ငံ၏ ခိုင်မာသော ဒီဇိုင်းနှင့် ထုတ်လုပ်မှုစွမ်းရည်၊ လျင်မြန်စွာ တိုးချဲ့လာနေသော ရေတပ်-စက်မှုကုန်ထုတ်လုပ်ငန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071