Tuesday, July 7, 2026

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ချင်းပြည်နယ်အစိုးရအဖွဲ့သို့...

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ချင်းပြည်နယ်အစိုးရအဖွဲ့သို့  ဇူလိုင် ၆ ရက်က...

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို...

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို ယနေ့ ဇူလိုင် ၇ ရက်တွင် သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသူ(၃)ဦး၊ နီပေါလ်နိုင်ငံသား(၁)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၃)ဦး၊...

ရထားစီးခရီးသည်များ သန့်ရှင်းရေးနှင့် စည်းကမ်းလိုက်နာစွာ စီးနင်းကြရန်...

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ပြည်သူများ သက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး စျေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ သို့သော် အချို့သော...

(၇)လခန့်အတွင်း ပဲခူးတိုင်းမှ မျက်စိဝေဒနာရှင် (၁,၀၀၀)ဦးကျော်ကို...

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လပထမပတ်အထိ (၇)လခန့်အတွင်း ပဲခူးတိုင်းမှ မျက်စိဝေဒနာရှင် (၁,၀၀၀)ဦးကျော်ကို အောင်မြင်စွာအခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်ကုသမှုများကို  ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်...
HomeMoviesEV ကားများကို ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု...

EV ကားများကို ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး၌ EV ကားများကို ပြည်တွင်း၌ပင် အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် ပြောကြားခဲ့သည်။

EV ကားများကို ပြည်ပမှတင်သွင်းခြင်းအစား ပြည် တွင်း၌ အစအဆုံးအလုံးစုံတပ်ဆင်ထုတ်လုပ်ပါက အ လုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာများရရှိနိုင်မည့်အပြင် ပြည်သူများကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများသုံးစွဲသွားနိုင်မည်ဖြစ်၍ အား လုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဟု ပြောကြား သည်။

ထို့ပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအ တွက် ပြည်ပမှတင်သွင်းရန်မလိုသည့် ကျောက်မီးသွေးကိုအသုံးပြု၍ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတို့ကိုဆောင်ရွက်ရမည်ဟု ပြောကြား သည်။

” ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေ တိုင်းနဲ့ ပြည် နယ်တွေအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လိုပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ဖို့အတွက် မီးရထားခရီးစဉ်တွေပိုမိုတိုးချဲ့ပြေးဆွဲတာ၊ ရထားလမ်းတွေနဲ့ မီးရထားတွေအဆင့်မြှင့်တင်တာတွေက်ု နိုင်ငံတော်ကဆောင်ရွက်ပေးနေပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့် ဘတ္ထရီစနစ်သုံးရထားစက်ခေါင်းများကိုတပ်ဆင်ထုတ်လုပ်အသုံးပြုလျက်ရှိပြီး ထပ်မံ၍ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်ပမှစက်သုံးဆီတင်သွင်းနေရမှုများကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွား တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက် အကူပြုမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ချင်းပြည်နယ်အစိုးရအဖွဲ့သို့  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရှင်းလင်း

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ချင်းပြည်နယ်အစိုးရအဖွဲ့သို့  ဇူလိုင် ၆ ရက်က ဟားခါးမြို့၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ရှင်းလင်းတင်ပြချက်များအရ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့တို့တွင် ဦးစီးဌာနရုံးပေါင်း(၁၁၀)ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး၊ အရာထမ်း၊ အမှုထမ်း(၃၄၄၃)ဦးဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာကျောင်း(၂၇၉)ကျောင်း ဖွင့်လှစ် နိုင်ပြီး၊ ဆရာ၊ ဆရာမ(၁၂၃၄)ဦးက ကျောင်းသား၊ ကျောင်းသူ(၁၇၆၅၁)ဦးအား ပညာသင်ကြားပေးလျက်ရှိသည်။ ပြည်သူ့ဆေးရုံများဖွင့်လှစ်၍၊ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း(၂၇၈)ဦးဖြင့် လူနာပေါင်း (၁၃၀၉၈)ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ကာ...

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို ယနေ့ ဇူလိုင် ၇ ရက်တွင် သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသူ(၃)ဦး၊ နီပေါလ်နိုင်ငံသား(၁)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၃)ဦး၊ ယူဂန္ဓာနိုင်ငံသား(၁)ဦး၊ ရု ရှားနိုင်ငံသား(၁)ဦးတို့အား ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင် ရာ တာဝန်ရှိသူများထံလွှဲပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ရထားစီးခရီးသည်များ သန့်ရှင်းရေးနှင့် စည်းကမ်းလိုက်နာစွာ စီးနင်းကြရန် မြန်မာ့မီးရထား မေတ္တာရပ်ခံ

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ပြည်သူများ သက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး စျေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ သို့သော် အချို့သော ခရီးသည်များ၏ စည်းကမ်းမဲ့ ပြုမူဆောင်ရွက်မှုများကြောင့် အခြားရထားစီးခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ရသည့်အတွက် ရထားစီးခရီးသည်များ လိုက်နာသင့်သည့် စည်းကမ်းချက်များကို မြန်မာ့မီးရထားက မေတ္တာရပ်ခံ အသိပေးထားသည်။ ရထားစီးခရီးသည်များအနေဖြင့် ရထားအတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန် ကွမ်းတံတွေးမထွေးရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် ထိုင်ခုံပေါ်သို့ ခြေထောက်တင်ခြင်း မပြုရန်၊ ဆူညံသံများဖြင့် အနှောင့်အယှက်မဖြစ်စေရေးအတွက် ဖုန်းပြောဆိုခြင်း၊ သီချင်းဖွင့်ခြင်းနှင့် စကားပြောဆိုခြင်းတို့ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071