ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ယနေ့ ဇူလိုင် ၅ ရက်နေ့လည် ၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တာပတ်ကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အ.မ.က (တာပတ်ကြီး)ရှိ ဆောက်လုပ်ဆဲ KG ကျောင်းဆောင်ပြိုကျခဲ့သဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
