Sunday, July 5, 2026

လာအိုနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာဖြင့် မြန်မာနိုင်ငံတော်သမ္မတ...

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ စတင်၍ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့...

ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန်...

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong...

လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် “ဝပ်စီယမ်သုန်” ဘုရားအား...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက လွန်ပရာဘန်မြို့ရှိ...

လာအိုရိုးရာ ဘာစီမင်္ဂလာကြိုးဖြူချည်နှောင်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ...
HomeNewsLocal News၂၀၂၇ ပညာသင်နှစ်အတွက် M.Med.Sc...

၂၀၂၇ ပညာသင်နှစ်အတွက် M.Med.Sc နှင့် ဆေးပညာဒီပလိုမာ ဘွဲ့လွန်သင်တန်းများ လျှောက်လွှာခေါ်ယူ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်(၁) ရန်ကုန်က ၂၀၂၇ ပညာသင်နှစ်အတွက် ဆေးပညာဒီပလိုမာ (Diploma in Medical Science) နှင့် ဆေးပညာမဟာသိပ္ပံ (Master of Medical Science – M.Med.Sc) ဘွဲ့လွန်သင်တန်းများသို့ တက်ရောက်လိုသည့် သတ်မှတ်အရည်အချင်းပြည့်မီသော နိုင်ငံ့ဝန်ထမ်းဆရာဝန်များအား လျှောက်လွှာခေါ်ယူထားကြောင်း ထုတ်ပြန်သည်။

ဖွင့်လှစ်မည့် သင်တန်းများတွင် တီဘီနှင့်ရင်ခေါင်းရောဂါကုပညာ၊ ကာလသားရောဂါနှင့် HIV ကူးစက်ရောဂါပညာ၊ သွေးသွင်းကုသခြင်းဆိုင်ရာဆေးပညာ၊ ဆေးလက်တွေ့ဆိုင်ရာဆေးဝါးဗေဒ၊ အထူးကြပ်မတ်ကုသမှုပညာနှင့် အခြေခံအရေးပေါ်ကုသမှုပညာ (Online) ဒီပလိုမာသင်တန်းများအပြင် ခန္ဓာဗေဒ၊ ကမ္မဗေဒ၊ ဆေးဝါးဗေဒ၊ ကာကွယ်ရေးနှင့်အပူပိုင်းဆေးပညာ၊ ရောဂါဗေဒ၊ မေ့ဆေးပညာ၊ အရေပြားရောဂါပညာ၊ မျက်စိရောဂါပညာ၊ ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့်မီးယပ်ပညာ၊ ကလေးကျန်းမာပညာ၊ အရိုးရောဂါပညာ၊ ဓာတ်မှန်ပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာ၊ နှလုံးနှင့်သွေးကြောခွဲစိတ်ပညာ စသည့် M.Med.Sc ဘွဲ့လွန်သင်တန်းများ ပါဝင်ကြောင်း သိရသည်။

လျှောက်ထားသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး MBBS ဘွဲ့ (သို့မဟုတ်) မြန်မာနိုင်ငံဆေးကောင်စီက အသိအမှတ်ပြုထားသည့် အလားတူဘွဲ့ရရှိထားသော နိုင်ငံ့ဝန်ထမ်းဆရာဝန်ဖြစ်ရမည်။ ထို့ပြင် သင်တန်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် လုပ်သက်၊ အသက်နှင့် အခြားအရည်အချင်းသတ်မှတ်ချက်များကိုလည်း ပြည့်မီရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး ဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက် တွင် ကျင်းပမည်ဖြစ်သည်။ ဝင်ခွင့်စာမေးပွဲကြေးမှာ ကျပ် ၁,၀၀၀ ဖြစ်ပြီး ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆေးတက္ကသိုလ်(၁) ရန်ကုန် ဘွဲ့လွန်/စာမေးပွဲဌာနစုတွင် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပြီး တက္ကသိုလ်၏ တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့်လည်း ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာဖြင့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ စတင်၍ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် နေ့လည်ပိုင်းတွင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီ...

ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong နှင့် တွေ့ဆုံစဉ် ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ရန်နှင့် ကျိုင်းတုံ-လွန်ပရာဘန်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကို ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် တူညီမှုများစွာရှိသဖြင့်...

လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် “ဝပ်စီယမ်သုန်” ဘုရားအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဖူးမြော်ကြည်ညို

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် "ဝပ်စီယမ်သုန်" (Wat Xieng Thong) ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထိုသို့ ဖူးမြော်ရာတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကြည်ညိုဖူးမြော်ခဲ့ကြပြီး ဘုရား၏ ရှေးဟောင်းဗိသုကာလက်ရာများ၊ လာအိုနိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်များနှင့် ထူးခြားသည့် အနုပညာလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ ဝပ်စီယမ်သုန်ဘုရားသည် လွန်ပရာဘန်မြို့၏ အထင်ကရ သမိုင်းဝင်ဗုဒ္ဓဘုရားကျောင်းတစ်ဆူဖြစ်ပြီး လာအိုနိုင်ငံ၏ အရေးပါဆုံး ဘာသာရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071