Sunday, July 5, 2026

လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက် (Royal Palace Museum) သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅...

မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာရေး...

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၄ ရက် ညနေပိုင်းက လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ လွန်ပရာဘန်မြို့သို့...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ လွန်ပရာဘန်မြို့သို့...

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်...
HomeMoviesကျောက်ဆည်၊ မြစ်သားနှင့် ကူမဲမြို့တို့တွင်...

ကျောက်ဆည်၊ မြစ်သားနှင့် ကူမဲမြို့တို့တွင် ဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းရေးကြောင့် ယာယီဓာတ်အားပြတ်တောက်မည်

နိုင်ငံတော်ဓာတ်အားစနစ်၏ ဝန်အားမျှတတည်ငြိမ်စွာ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံ၌ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ မြစ်သားနှင့် ကူမဲမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံရှိ ၃၃ ကေဗွီ စက်မှုလိုင်း၏ ဓာတ်အားဖြတ်ခလုတ် (Circuit Breaker) (B-Phase) တွင် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပေါ်နေသဖြင့် အရန်ပစ္စည်းများဖြင့် အစားထိုးလဲလှယ်နိုင်ရေးအတွက် အဆိုပါခွဲရုံရှိ ၃၃ ကေဗွီ Main Bus ကို ဇူလိုင် ၅ ရက် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ ယာယီဓာတ်အားပိတ်ကာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ကျောက်ဆည်မြို့၊ မြစ်သားမြို့နှင့် ကူမဲမြို့တို့ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဓာတ်အားသုံးစွဲသူများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ သွားရောက်လေ့လာ

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက် (Royal Palace Museum) သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုရာတွင် လွန်ပရာဘန်မြို့၏ သမိုင်းဝင်တော်ဝင်နန်းတော်၊ လာအိုဘုရင်မင်းဆက်၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းအနုပညာလက်ရာများနှင့် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့ပြင် ပြတိုက်ဝန်းအတွင်းရှိ လာအိုနိုင်ငံ၏ အလွန်အရေးပါသော ရှေးဟောင်း "ဖဘန် (Phra Bang)" ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုခဲ့ကြပြီးနောက် တော်ဝင်နန်းတော်ပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်းတွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့ကြောင်း...

မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာရေး သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၄ ရက် ညနေပိုင်းက လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံ၍ မြန်မာ-လာအို နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေးဆိုင်ရာ လမ်းညွှန်မှာကြားခဲ့သည်။ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာနှင့် လာအိုနိုင်ငံတို့သည် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းကောင်းနိုင်ငံများ၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် သံရုံးနှင့် စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ လွန်ပရာဘန်မြို့သို့ ရောက်ရှိ

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် လွန်ပရာဘန်မြို့သို့ ရောက်ရှိခဲ့သည်။ လွန်ပရာဘန်မြို့ရှိ လေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား လွန်ပရာဘန်မြို့မှ တာဝန်ရှိသူများက လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071