Monday, July 6, 2026

လာအိုအမျိုးသမီးတို့၏ ရိုးရှင်းသော အလှ

လာအိုအမျိုးသမီးများတွင်အထင်ရှားဆုံး သတိပြုမိနိုင်သည်မှာ ရိုးရာလုံချည် (Sinh) ကို အမြတ်တနိုး ဝတ်ဆင်ကြခြင်း၊ ဆံပင်ကို ရိုးရှင်းစွာထုံးခြင်း၊ ပျုငှါနွေးထွေးသော မျက်နှာနှင့်ရိုးသားသော အပြုံးတို့၏ အလှပင်...

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင်...

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့်...

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃...

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး...

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ...
HomeInternationalAir Max ဖိနပ်မှာ...

Air Max ဖိနပ်မှာ 7-Elevenရဲ့ အမှတ်တံဆိပ်အရောင်တွေ သုံးထားတယ်ဆိုပြီး 7-Eleven က Nike ကို တရားစွဲဆို

7-Eleven ကုမ္ပဏီဟာ အားကစားပစ္စည်းထုတ်လုပ်တဲ့ Nike ကုမ္ပဏီကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။ အကြောင်းရင်းကတော့ Nike က မကြာခင် ဖြန့်ချိတော့မယ့် Air Max 95 ဖိနပ်အမျိုးအစားမှာ 7-Eleven စတိုးဆိုင်တွေရဲ့ လူသိများတဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်နဲ့ အနီရောင် ကာလာဒီဇိုင်းနဲ့ တစ်ထပ်တည်းကျလုနီးပါး တူညီတဲ့ အရောင်တွေကို အသုံးပြုထားတာကြောင့်လို့ စွပ်စွဲထားတာပါ။

ဒါးလပ်စ် (Dallas) မြို့က ဖက်ဒရယ်တရားရုံးမှာ တင်သွင်းခဲ့တဲ့ ဒီအမှုဟာ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ Nike Air Max 95 ဖိနပ်မော်ဒယ်အပေါ် အဓိက အငြင်းပွားနေကြတာပါ။ ဒီဇူလိုင် ၁၁ ရက် ဆိုတဲ့ နေ့ရက်ဟာ အမေရိကန်မှာ “7-Eleven နေ့” အဖြစ် လူသိများသလို၊ ဆိုင်တွေမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Slurpee အအေး အခမဲ့သောက်ရက် ပရိုမိုးရှင်းနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

7-Eleven ရဲ့ တရားစွဲဆိုချက်ထဲမှာ ဖိနပ်ရဲ့ ဒီဇိုင်းဟာ သူတို့ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ အရောင်သုံးရောင်စင်းနဲ့ အလွန်တူနေတာကြောင့် ဝယ်ယူသူတွေကို ဝေခွဲမရ ဖြစ်စေနိုင်တယ်လို့ စွပ်စွဲထားပါတယ်။ တကယ်တမ်းတော့ ဒီကုမ္ပဏီနှစ်ခုကြားမှာ ဘာပူးပေါင်းဆောင်ရွက်မှုမှ မရှိဘဲနဲ့၊ ဝယ်ယူသူတွေအနေနဲ့ ဒီဖိနပ်ကို 7-Eleven ကပဲ စပွန်ဆာပေးထားတာ၊ ခွင့်ပြုချက်ပေးထားတာ ဒါမှမဟုတ် ပတ်သက်မှုရှိနေတာလို့ အထင်အမြင်လွဲမှားသွားနိုင်တယ်လို့လည်း လက်လီအရောင်းဆိုင်ကြီးက တင်ပြထားပါတယ်။

တက္ကဆက်အခြေစိုက် ဒီစတိုးဆိုင်ကြီးက ပြောကြားရာမှာတော့ သူတို့အနေနဲ့ ဒီလိမ္မော်၊ အစိမ်း၊ အနီ အရောင်တွဲကို ဆိုင်ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေ၊ အမှတ်တံဆိပ်ပါပစ္စည်းတွေ၊ ဖိနပ်တွေနဲ့ တခြားထုတ်ကုန်တွေမှာ ဆယ်စုနှစ်ပေါင်းများစွာ သုံးစွဲလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဒီဇိုင်းနဲ့ပတ်သက်ပြီး ကုန်အမှတ်တံဆိပ် (Trademark) မှတ်ပုံတင်ခွင့် အများအပြားကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

ဒါတင်မကသေးဘဲ Nike အနေနဲ့ 7-Eleven ရဲ့ အမှတ်တံဆိပ်ကို လူတွေ ပြေးမြင်မိစေဖို့နဲ့ သူတို့ရဲ့ လူသိများမှုကို အခွင့်ကောင်းယူဖို့အတွက် ဒီဖိနပ်ကို တမင်သက်သက် ရည်ရွယ်ဒီဇိုင်းဆွဲခဲ့တာဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ တရားစွဲဆိုချက်ထဲမှာ ဒီဖိနပ်ဟာ 7-Eleven ဆီကနေ အိုင်ဒီယာယူပြီး ထုတ်ထားတာဖြစ်တယ်လို့ ရေးသားကြတဲ့ မီဒီယာသတင်းတွေကိုလည်း သက်သေအဖြစ် ထည့်သွင်းကိုးကားထားပါသေးတယ်။

တရားမစွဲခင်မှာ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမဲ့ Nike ဘက်ကတော့ ဖိနပ်ကို ဆက်ပြီး ကြော်ငြာအားစိုက်နေသလို လာမယ့် ဇူလိုင် ၁၁ ရက် ဖြန့်ချိမယ့်အစီအစဉ်ကိုလည်း ဆက်လုပ်ဖို့ပဲ ရည်ရွယ်ထားတယ်လို့ 7-Eleven ဘက်ကတော့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Reuters သတင်းဌာနက Nike ဘက်ကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမဲ့ ချက်ချင်း ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပါဘူး။

အခုအခါမှာတော့ 7-Eleven က ဒီဖိနပ်ရောင်းချမှုကို ပိတ်ပင်တားဆီးပေးဖို့ တရားရုံးကို လျှောက်ထားသလို၊ ဖြန့်ဖြူးပြီးသား ကုန်ပစ္စည်းတွေကိုလည်း ပြန်လည်သိမ်းဆည်းပေးဖို့ (Recall လုပ်ပေးဖို့) တောင်းဆိုထားပါတယ်။ ဒါ့အပြင် ထိခိုက်နစ်နာမှုအတွက် လျော်ကြေးငွေနဲ့ ဒီဖိနပ်ရောင်းရငွေကနေ Nike ရရှိမယ့် အမြတ်ငွေတွေကိုပါ ပေးလျော်ဖို့ တောင်းဆိုထားပါတယ်။

ဒီအမှုတွဲကို တက္ကဆက်မြောက်ပိုင်းခရိုင် အမေရိကန်ခရိုင်တရားရုံးမှာ 7-Eleven Inc v Nike Inc ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပြီး အမှုတွဲနံပါတ်ကတော့ 3:26-cv-02201-X ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုအမျိုးသမီးတို့၏ ရိုးရှင်းသော အလှ

လာအိုအမျိုးသမီးများတွင်အထင်ရှားဆုံး သတိပြုမိနိုင်သည်မှာ ရိုးရာလုံချည် (Sinh) ကို အမြတ်တနိုး ဝတ်ဆင်ကြခြင်း၊ ဆံပင်ကို ရိုးရှင်းစွာထုံးခြင်း၊ ပျုငှါနွေးထွေးသော မျက်နှာနှင့်ရိုးသားသော အပြုံးတို့၏ အလှပင် ဖြစ်သည်။ ထိုဆံထုံးလေးများတွင် လာအိုတို့၏ အမျိုးသားပန်းဖြစ်သော Dok Champa (တရုတ်စံကားပန်း) ၊ ဆံထိုးလေးများကို ပန်ဆင်ထားမှုသည် ရိုးရာယဉ်ကျေးမှု၏ အနှစ်သာရကို ပိုမိုပေါ်လွင်စေသည်။ ထိုသို့  ထုံးဖွဲ့လေ့ရှိကြသည့်အပြုအမူသည် ရှေးရိုးရာအစဉ်အလာကို လေးစားရာရောက်သလို၊ ဘုရားစေတီနှင့် သံဃာတော်များရှေ့မှောက်တွင်လည်း အလွန်ယဉ်ကျေးသိမ်မွေ့သော ဂါရဝတရားကို ပြသခြင်း ဖြစ်သည်။

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။ ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကဒါရပ်ကွက်တွင် ဘုန်းတော်ကြီးကျောင်း၊ စာသင် ကျောင်းများ၊ အစိုးရရုံးများ၊ နေအိမ်များ၊ အဆောက် အအုံများပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်းတို့ဖြစ်ပွားကာ သံဃာတော်အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo- MFSD / ကိုမြင့်စိုး

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေးလေဆိပ်ပြန်ဖွင့်နိုင်ပါက ချင်းပြည်နယ်၏ သယ်ယူပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်နိုင်မည်

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုအတွင်း ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ အမြင့်တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည်မှာလည်း ပေ ၆,၀၀၀ ရှိကြောင်း သိရသည်။ အဆိုပါလေဆိပ်တွင် ၂၀၂၀ ခုနှစ် ဇွန် ၂၆ ရက်၌ Beech လေယာဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071