Friday, July 3, 2026

U-12 Junior Soccer World...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်...

ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းပြီး အထူးဒေသ (၄)၏...

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၏ ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းကာ...

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်သင့်ဟု...

ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့် တင်သွင်းသည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ရန် အဆိုနှင့်ပတ်သက်၍ ဇူလိုင် ၂ ရက်က ကျင်းပသည့် တတိယအကြိမ်...

ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်နေဟု...

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး...
HomeNewsLocal Newsလာအို၏ အနုပညာ၊ သမိုင်းနှင့်...

လာအို၏ အနုပညာ၊ သမိုင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်နေရာတည်းတွင် မြင်ရသည့်ယဉ်ကျေးမှုပြတိုက်သို့ မြန်မာနိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ သွားရောက်

လာအိုနိုင်ငံ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး စိတ်ကူးစိတ်သန်းများကို အကောင်းဆုံး ပေါင်းစပ်ပြီး နောင်လာနောက်သားများ ဂုဏ်ယူနိုင်စေရန် တည်ထောင်ထားသည့် အမျိုးသားအဆင့် ယဉ်ကျေးမှု ပြတိုက်ကြီးတစ်ခု ရှိနေပါသည်။

လာအိုသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှက အဆိုပါပြတိုက်သို့ ယနေ့မွန်းလွဲပိုင်းက သွားရောက်လေ့လာခဲ့သည်။

ဤပြတိုက်ကြီးသည် ပုဂ္ဂလိကပိုင် ဖြစ်သော်လည်း အလွန်ကြီးမားကျယ်ဝန်းပြီး ရင်သပ်ရှုမောဖွယ် အနုပညာလက်ရာပေါင်းများစွာဖြင့် ဆင်ယင်မွမ်းမံထားသည်။

ပြတိုက်ပိုင်ရှင်သူဌေးသည် အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ချေးငွေရယူကာ ဤဧရာမပြတိုက်ကြီးကို ခမ်းနားထည်ဝါစွာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းများသည် ၎င်းတို့မိသားစုက နှစ်ပေါင်း ၄၀ ကျော်တိုင်တိုင် စနစ်တကျ တကူးတက စုဆောင်းခဲ့သည့် သမိုင်းဝင်အမွေအနှစ်များ ဖြစ်သည်။

ပြတိုက်အတွင်းရှိ ဧရာမ ပန်းချီကားကြီးများကိုလည်း ပြတိုက်၏ သီးသန့်ပန်းချီပညာရှင်များက ကိုယ်တိုင်စိတ်ကြိုက် ခြယ်မှုန်းဆွဲသားထားခြင်း ဖြစ်သည်။ ဤပြတိုက်ကြီးကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားများနှင့် လာအိုအစိုးရအဖွဲ့၏ အားပေးထောက်ခံမှုကြောင့် ယခုကဲ့သို့ ကမ္ဘာ့အဆင့်မီ ထင်ရှားကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

ပြတိုက်အတွင်း မဖြစ်မနေ ကြည့်ရှုသင့်သည့် အဓိကပြခန်းကြီး (၃) ခုမှာ

ဗုဒ္ဓဆင်းတုတော်များနှင့် ရှေးဟောင်းပစ္စည်းပြခန်း
ရွှေမှုန်ပန်းချီပြခန်း
သစ်သားပန်းပုပြခန်းကြီးတို့ဖြစ်သည်။

ပြတိုက်ဝန်းအတွင်းသို့ ရောက်ရှိပါက ဧည့်ကြိုဆောင်မှတစ်ဆင့် ပင်မပြတိုက်ကြီးဆီသို့ သာယာလှပသော ကန်ရေပြင်ထက်က တံတားကြီးကို ဖြတ်ကျော်ကာ ဘာဂီကားလေးများဖြင့် လိုက်လံပို့ဆောင်ပေးသဖြင့် ခရီးသွားများအတွက် အလွန်စိတ်ကျေနပ်စရာကောင်းလှသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ အသင်း ကစားသမားရွေးချယ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်းအတွက် ကစားသမားရွေးချယ်ပွဲကို ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ အဆိုပါ ပြိုင်ပွဲသည် ဂျပန်နိုင်ငံက နှစ်စဉ်အိမ်ရှင်အဖြစ် ကျင်းပသည့် နိုင်ငံတကာ လူငယ်ဘောလုံးပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ နိုင်ငံတကာအတွေ့အကြုံ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၃...

ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းပြီး အထူးဒေသ (၄)၏ သမိုင်းစာမျက်နှာသစ် ရေးထိုးမည်ဟု ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ပြော

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၏ ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းကာ အထူးဒေသ (၄)၏ သမိုင်းစာမျက်နှာသစ်ကို ဆက်လက်ရေးထိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဦးစန်ပေ့က အထူးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရှေ့ဆောင်ဘိုးဘေးများ ချမှတ်ခဲ့သည့် အုတ်မြစ်ပေါ်တွင် အခြေခံတည်ဆောက်ထားပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ ခိုင်မာသည့် ဦးဆောင်မှုအပေါ် မူတည်၍ တိုးတက်လာခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် အထူးဒေသတည်ထောင်ပြီးနောက် မူလရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏...

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်သင့်ဟု ကွန်ဟိန်းမဲဆန္ဒနယ်မှ ဦးစိုင်းကျော်လှ ဆွေးနွေး

ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့် တင်သွင်းသည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ရန် အဆိုနှင့်ပတ်သက်၍ ဇူလိုင် ၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် ကွန်ဟိန်းမဲဆန္ဒနယ်မှ ဦးစိုင်းကျော်လှက နိုင်ငံတကာဆက်ဆံရေးကို အလေးထားပြီး အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ဆောင်ရွက်သင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။ ဦးစိုင်းကျော်လှက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် သဘောတူညီထားသည့် ရည်ရွယ်ချက်များနှင့် အခြေခံမူများကို တိတိကျကျ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071