Saturday, July 4, 2026

အားကောင်းသောအပူပိုင်းမုန်တိုင်း”မိုင်ဆက်ခ်”နှင့် အားအလွန်ကောင်းနေသော မုတ်သုံလေတို့ကြောင့် ရန်...

တုံကင်ပင်လယ်ကွေ့အနောက်မြောက်ဘက်တွင် အား ကောင်းသောအပူပိုင်းမုန်တိုင်း"မိုင်ဆက်ခ်"နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့ဖြစ်ပေါ်လျက်ရှိကြောင်း မိုးဇလထံမှ သိရသည်။ ယင်း အခြေအနေနှစ်ရပ်ကြောင့် မနက်ဖြန် ဇူလိုင်...

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေသိသိသာသာ မြင့်တက်လာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်းအ တွင်း ဧရာဝတီ မြစ်ရေသိသိသာသာမြင့်တက်လာကာ အနိမ့်ပိုင်းကျေးရွာအချို့၏ ရွာဘေးသို့မြစ်ရေများစ တင်ဝင်ရောက်လာနေကြောင်း သိရသည်။ မိုးဇလ၏ ယနေ့ ဇူလိုင် ၄...

မူးယစ်ဆေးဝါးကွန်ရက်များကို နိုင်ငံတော်အဆင့် နှိမ်နင်းမည်–အနူတင်

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု စွဲချက်များဖြင့် သြစတြေးလျတွင် ထိုင်းလေကြောင်းလိုင်း မှ လေယာဉ်မယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသည် အတွက် နိုင်ငံ၏ နိုင်ငံတကာဂုဏ်သတင်းကို ထိခိုက်စေကြောင်း ထိုင်းဝန်ကြီးချုပ်...

ပါကစ္စတန်တွင်လမ်းဘေးမြောင်းထဲဘတ်စ်ကားထိုးကျ၍ လူ ၄၀ ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ္စတန်ပြည်နယ်တွင် သောကြာနေ့က ဘတ်စ်ကားတစ်စီး သာ် လမ်းဘေးမြောင်းထဲ ပြုတ်ကျခဲ့သဖြင့် လူ ၄၀ ဦး‌ေ-သဆုံးပြီး ရှစ်ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်းး...
HomeNewsLocal Newsလာအို၏ အနုပညာ၊ သမိုင်းနှင့်...

လာအို၏ အနုပညာ၊ သမိုင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်နေရာတည်းတွင် မြင်ရသည့်ယဉ်ကျေးမှုပြတိုက်သို့ ဒေါ်ကြူကြူလှ သွားရောက်

လာအိုနိုင်ငံ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး စိတ်ကူးစိတ်သန်းများကို အကောင်းဆုံး ပေါင်းစပ်ပြီး နောင်လာနောက်သားများ ဂုဏ်ယူနိုင်စေရန် တည်ထောင်ထားသည့် အမျိုးသားအဆင့် ယဉ်ကျေးမှု ပြတိုက်ကြီးတစ်ခု ရှိနေပါသည်။

လာအိုသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဇနီး ဒေါ်ကြူကြူလှက အဆိုပါပြတိုက်သို့ ယနေ့မွန်းလွဲပိုင်းက သွားရောက်လေ့လာခဲ့သည်။

ဤပြတိုက်ကြီးသည် ပုဂ္ဂလိကပိုင် ဖြစ်သော်လည်း အလွန်ကြီးမားကျယ်ဝန်းပြီး ရင်သပ်ရှုမောဖွယ် အနုပညာလက်ရာပေါင်းများစွာဖြင့် ဆင်ယင်မွမ်းမံထားသည်။

ပြတိုက်ပိုင်ရှင်သူဌေးသည် အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ချေးငွေရယူကာ ဤဧရာမပြတိုက်ကြီးကို ခမ်းနားထည်ဝါစွာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းများသည် ၎င်းတို့မိသားစုက နှစ်ပေါင်း ၄၀ ကျော်တိုင်တိုင် စနစ်တကျ တကူးတက စုဆောင်းခဲ့သည့် သမိုင်းဝင်အမွေအနှစ်များ ဖြစ်သည်။

ပြတိုက်အတွင်းရှိ ဧရာမ ပန်းချီကားကြီးများကိုလည်း ပြတိုက်၏ သီးသန့်ပန်းချီပညာရှင်များက ကိုယ်တိုင်စိတ်ကြိုက် ခြယ်မှုန်းဆွဲသားထားခြင်း ဖြစ်သည်။ ဤပြတိုက်ကြီးကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားများနှင့် လာအိုအစိုးရအဖွဲ့၏ အားပေးထောက်ခံမှုကြောင့် ယခုကဲ့သို့ ကမ္ဘာ့အဆင့်မီ ထင်ရှားကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

ပြတိုက်အတွင်း မဖြစ်မနေ ကြည့်ရှုသင့်သည့် အဓိကပြခန်းကြီး (၃) ခု

ဗုဒ္ဓဆင်းတုတော်များနှင့် ရှေးဟောင်းပစ္စည်းပြခန်း

ရတနာသိုက်သဖွယ် စုဆောင်းထားသော လာအိုရိုးရာ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များနှင့် သမိုင်းဝင် ရှေးဟောင်းကြေးစည်ကြီးများ အပါအဝင် အဖိုးတန်ပစ္စည်းစုစုပေါင်း ၈၀၀ ကျော်ကို တစုတစည်းတည်း အနီးကပ်လေ့လာနိုင်သည်။

ရွှေမှုန်ပန်းချီပြခန်း

လာအိုတို့၏ ဒဏ္ဍာရီလာ နဂါးရုပ်ပုံများနှင့် လာအိုအမျိုးသမီးများ၏ သိမ်မွေ့လှပပုံများကို စစ်မှန်သော ရွှေမှုန်များကို အသုံးပြုကာ စုတ်ချက်အသေးစိတ်ဖြင့် အဆင့်မြင့် ခြယ်မှုန်းထားသည့် အနုပညာပန်းချီကားများကို မှင်သက်ဖွယ် မြင်တွေ့ရမည်။

သစ်သားပန်းပုပြခန်းကြီး

ပြတိုက်၏ အဓိကအသက်သွေးကြောဖြစ်ပြီး တောမီးလေ-ာင်ခြင်း သို့မဟုတ် ဆည်ဆောက်လုပ်ခြင်းတို့ကြောင့် ပျ-က်စီးစွန့်ပစ်ထားရသည့် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ သစ်မြစ်ဆုံကြီးများ၊ အပွေးထနေသော သစ်ငုတ်တိုကြီးများကို အနုပညာရှင်များက ဆန်းပြားလှသော ကမ္ပည်းပန်းပုလက်ရာများအဖြစ် လက်ရာမြောက်စွာ အသက်သွင်း ဖန်တီးထားသည်။

ပြတိုက်ဝန်းအတွင်းသို့ ရောက်ရှိပါက ဧည့်ကြိုဆောင်မှတစ်ဆင့် ပင်မပြတိုက်ကြီးဆီသို့ သာယာလှပသော ကန်ရေပြင်ထက်က တံတားကြီးကို ဖြတ်ကျော်ကာ ဘာဂီကားလေးများဖြင့် လိုက်လံပို့ဆောင်ပေးသဖြင့် ခရီးသွားများအတွက် အလွန်စိတ်ကျေနပ်စရာကောင်းလှသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အားကောင်းသောအပူပိုင်းမုန်တိုင်း”မိုင်ဆက်ခ်”နှင့် အားအလွန်ကောင်းနေသော မုတ်သုံလေတို့ကြောင့် ရန် ကုန်တိုင်း၌ မနက်ဖြန်မွန်းတည့်ပိုင်းအထိ နေရာကွက်၍ မိုးကြီးမည်

တုံကင်ပင်လယ်ကွေ့အနောက်မြောက်ဘက်တွင် အား ကောင်းသောအပူပိုင်းမုန်တိုင်း"မိုင်ဆက်ခ်"နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့ဖြစ်ပေါ်လျက်ရှိကြောင်း မိုးဇလထံမှ သိရသည်။ ယင်း အခြေအနေနှစ်ရပ်ကြောင့် မနက်ဖြန် ဇူလိုင် ၅ ရက်မွန်းတည့်ပိုင်းအထိ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မ ကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ် ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်...

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေသိသိသာသာ မြင့်တက်လာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်းအ တွင်း ဧရာဝတီ မြစ်ရေသိသိသာသာမြင့်တက်လာကာ အနိမ့်ပိုင်းကျေးရွာအချို့၏ ရွာဘေးသို့မြစ်ရေများစ တင်ဝင်ရောက်လာနေကြောင်း သိရသည်။ မိုးဇလ၏ ယနေ့ ဇူလိုင် ၄ ရက်မွန်းတည့် ၁၂ နာရီခွဲအ ချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့၌ (၁,၃၉၃)စင်တီမီတာသို့ရောက်ရှိနေရာ စိုးရိမ်ရေ မှတ်ရောက်ရှိရန် (၃၀၇စင်တီမီတာသာလိုတော့ကြောင်း သိရသည်။ လက်ရှိအချိန်၌ မြစ်ရေဝင်ရောက်မှုမှာစိုးရိမ်ဖွယ်ရာမရှိသေးသော်လည်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျောက်နေထိုင်သူများအနေဖြင့် မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သော ဧရာဝတီမြစ်ရေကြီးခြင်းနှင့်အတူ ကမ်းပြိုဘေးအန္တရာယ်ကို သတိပြုသွားလာကြရန် မြို့တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။ ထို့ပြင် မြို့နယ်အတွင်း ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ရေဘေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကိုလည်း သက်ဆိုင်ရာဌာနများက...

မူးယစ်ဆေးဝါးကွန်ရက်များကို နိုင်ငံတော်အဆင့် နှိမ်နင်းမည်–အနူတင်

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု စွဲချက်များဖြင့် သြစတြေးလျတွင် ထိုင်းလေကြောင်းလိုင်း မှ လေယာဉ်မယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသည် အတွက် နိုင်ငံ၏ နိုင်ငံတကာဂုဏ်သတင်းကို ထိခိုက်စေကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ဝန်ခံခဲ့ပြီး မူးယစ်ဆေးဝါး နှိမ်နင်းမှုကို နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်တစ်ခုအဖြစ် ကြေညာခဲ့သည်။         အစိုးရအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများကိုသာ ဖမ်းဆီးနေခြင်းထက် မူးယစ်ဆေးဝါး ရောင်းဝယ်မှုရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် မူးယစ်ဆေးဝါး ကာကွယ်နှိမ်နင်းရေး ကော်မတီ အစည်းအဝေးတွင် မစ္စတ အနူတင်က ပြောကြားခဲ့သည်။         “ဒီပြဿနာကို နိုင်ငံတော်လုပ်ငန်းစဉ်တစ်ခုအဖြစ် သဘောထားမယ်ဆိုတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071