Home News Local News လာအိုတွင် အပူပိုင်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်

လာအိုတွင် အပူပိုင်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်

0
106

ဗီယင်ကျန်း၊ ဇူလိုင်လ ၂ ရက်

လာအိုနိုင်ငံတွင် အပူပိုင်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာနေသဖြင့် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရွာသွန်းနိုင်ကြောင်း လာအိုမိုးလေဝသဗျူရိုက ခန့်မှန်းထားပြီး ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မြို့ပြရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် အထူးသတိပြု နေထိုင်ကြရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် တိုက်တွန်းထားသည်။

ဗုဒ္ဓဟူးနေ့က လာအိုစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနအောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် အပူပိုင်းမုန်တိုင်းငယ် တစ်ခုသည် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်းဖြင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး၊ ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် “ဘာဗီ” (Bavi) ဟု အမည်ရသည့် အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းအရှိန်နှင့် နိုင်ငံ၏ ဒေသအများစုတွင် တိုက်ခတ်နေသော အားအသင့်အတင့်ရှိသည့် အနောက်တောင်မုတ်သုံလေတို့ ပေါင်းဆုံမှုကြောင့် မိုးလေဝသခန့်မှန်းချက် ကာလတစ်လျှောက်လုံးတွင် လာအိုနိုင်ငံနေရာအနှံ့အပြား၌ မိုးကြိုးမုန်တိုင်းများကျရောက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်။

Ref: ရှင်းဟွာ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here