Thursday, July 2, 2026

ဂျပန် ODA အကူအညီများ ပြန်လည်ပေးအပ်ရန်...

ငလျင်ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် အကူအညီများ အရေးတကြီးလိုအပ်ဟု သမ္မတရုံးပြော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (Official Development Assistance-ODA) စီမံကိန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်သူများအတွက်...

လာအိုတွင် အပူပိုင်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်

ဗီယင်ကျန်း၊ ဇူလိုင်လ ၂ ရက် လာအိုနိုင်ငံတွင် အပူပိုင်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာနေသဖြင့် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရွာသွန်းနိုင်ကြောင်း လာအိုမိုးလေဝသဗျူရိုက ခန့်မှန်းထားပြီး...

မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ် မြောက်အခမ်းအနား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ်မြောက်အခမ်းအနားကို ယနေ့ ဇူလိုင် ၂ ရက်နံနက်ပိုင်းက မိုင်းလားမြို့ရှိ ငြိမ်းချမ်းရေးရင်ပြင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် အလံတင်အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးနှင့်...

အခြေခံပညာကျောင်း (၅၁,၀၀၀)ကျော်အနက် (၃၅,၀၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး...

ကျောင်းသား (၇.၂၇၅) သန်းကျော် ကျောင်းအပ်နှံထားပြီး အမှန်တကယ်တက်ရောက်မှု (၉၈.၆၅) ရာခိုင်နှုန်းရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းပေါင်း (၅၁,၀၀၀)ကျော်အနက် ကျောင်းပေါင်း (၃၅,၀၀၀)ကျော်...
HomeNewsLocal Newsတရုတ်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး...

တရုတ်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်တိုးမြှင့်ပြီး G to G MoU (၁၈) ခု၊ B2B သဘောတူညီချက် (၇၀) ခု လက်မှတ်ရေးထိုးခဲ့ဟု သမ္မတရုံးပြော

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်နိုင်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း အစိုးရအချင်းချင်း (G to G) နားလည်မှုစာချွန်လွှာ (MoU) ၁၈ ခုနှင့် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း (B2B) နားလည်မှုစာချွန်လွှာ (၇၀) ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ဇွန် ၃၀ ရက်က နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရလဒ်များနှင့် မြန်မာ-တရုတ်ဆက်ဆံရေးအခြေအနေတို့ကို ရှင်းလင်းပြောကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခိုင်ခိုင်စိုးက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် များစွာအထောက်အကူပြုနိုင်သည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ နှစ်နိုင်ငံ၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံသမ္မတနှင့် ဝန်ကြီးချုပ်တို့က မြန်မာနိုင်ငံအပေါ် အဓိကကျသည့် အထောက်အပံ့များကို ဆက်လက်ပေးအပ်သွားမည်ဟု ကတိပြုခဲ့ကြောင်း၊ ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာမျက်နှာစာများတွင် မြန်မာနိုင်ငံ တန်းတူရည်တူပါဝင်နိုင်ရေးကို ခိုင်ခိုင်မာမာ ထောက်ခံအားပေးသွားမည်ဟု အလေးအနက်ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာခိုင်ခိုင်စိုးက “မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခွဲခြားလို့မရဘဲ အတူတကွပူးပေါင်းဆောင်ရွက်ပြီး ရည်မှန်းချက်ချင်းအတူတူသွားနေတဲ့ မဟာဗျူဟာမြောက် တရုတ်-မြန်မာ ဆက်ဆံရေးအဆင့်ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ငါးရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် နယ်စပ်လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ Belt and Road Initiative (BRI) နှင့် China-Myanmar Economic Corridor (CMEC) စီမံကိန်းများ အမြန်ဆုံးပြန်လည်အကောင်အထည်ဖော်ရေး၊ စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ သတင်းမီဒီယာ၊ ပညာရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု၊ အာကာသသိပ္ပံနှင့် ဂြိုဟ်တုပူးတွဲတည်ဆောက်ရေး အပါအဝင် ကဏ္ဍစုံ၌ အစိုးရအချင်းချင်း (G to G) နားလည်မှုစာချွန်လွှာ (MoU) ၁၈ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး Global Security Initiative (GSI)၊ Global Development Initiative (GDI)၊ Global Civilization Initiative (GCI) နှင့် Global Governance Initiative (GGI) တို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကိုလည်း ရရှိခဲ့ကြောင်း ပြောကြားသည်။

ထို့အပြင် ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံတွင် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင် ၆၀၀ ကျော် တက်ရောက်ခဲ့ပြီး ပြခန်း ၃၅ ခန်းပြသခဲ့ကာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း (B2B) နားလည်မှုစာချွန်လွှာ (၇၀) ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ဒေါက်တာခိုင်ခိုင်စိုးက BRI နှင့် CMEC စီမံကိန်းများသည် တရုတ်နိုင်ငံ၏ အနောက်ဘက်ထွက်ပေါက်ကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးသည့် အတိုဆုံးလမ်းကြောင်းဖြစ်သဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါသည့် နိုင်ငံဖြစ်ကြောင်း၊ ယခုနိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် အခြေခံကောင်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန် ODA အကူအညီများ ပြန်လည်ပေးအပ်ရန် အစိုးရသစ် တောင်းဆို

ငလျင်ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် အကူအညီများ အရေးတကြီးလိုအပ်ဟု သမ္မတရုံးပြော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (Official Development Assistance-ODA) စီမံကိန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်သူများအတွက် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်မှုရှိနေသဖြင့် ပြည်သူ့အကျိုးပြုစီမံကိန်းများအတွက် ODA အကူအညီများ ပြန်လည်ပေးအပ်ရန် တောင်းဆိုကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက ဂျပန်နိုင်ငံသည် ယခင်က...

လာအိုတွင် အပူပိုင်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်

ဗီယင်ကျန်း၊ ဇူလိုင်လ ၂ ရက် လာအိုနိုင်ငံတွင် အပူပိုင်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာနေသဖြင့် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရွာသွန်းနိုင်ကြောင်း လာအိုမိုးလေဝသဗျူရိုက ခန့်မှန်းထားပြီး ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မြို့ပြရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် အထူးသတိပြု နေထိုင်ကြရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် တိုက်တွန်းထားသည်။ ဗုဒ္ဓဟူးနေ့က လာအိုစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနအောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် အပူပိုင်းမုန်တိုင်းငယ် တစ်ခုသည် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်းဖြင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး၊ ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် "ဘာဗီ" (Bavi)...

မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ် မြောက်အခမ်းအနား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ်မြောက်အခမ်းအနားကို ယနေ့ ဇူလိုင် ၂ ရက်နံနက်ပိုင်းက မိုင်းလားမြို့ရှိ ငြိမ်းချမ်းရေးရင်ပြင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် အလံတင်အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌဦးစန်ပေ့ကမိန့်ခွန်းလွှာဖတ်ကြားခြင်း၊ တပ်နှင့် ပြည်သူတရပ်လုံး၊ လူမှုအသိုင်းအဝိုင်းအလွှာအသီးသီးကို ကျေးဇူး တင်စကားပြောကြားခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇) နှစ်မြောက်အခမ်းအနားတွင် အားကစားပြိုင်ပွဲများကိုလည်းထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071