ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရေကြီးရေလျှံမှုမှကာကွယ်ရေးအတွက် ပြည်နယ်အစိုးရက ဘဏ္ဍာနှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေသည်။
ထိုသို့ဆောင်ရွက်နေရခြင်းသည် မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြစ်ရေကြီးမြင့်မှုကြောင့် မြို့ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိ၌ ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည့် ရေမိုင် (၁၈) မိုင်အတွင်း ရေလျှံတားနံရံများ၊ ကမ်းထိန်းတမံများ၊ ရေထိန်းတံခါး တည်ဆောက်ခြင်းများကို ပြုလုပ်နေသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှူစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးနှင့် ပြည်သူများ ရေကြီးရေလျှံမှုဒဏ်ကို ခံစားမှုမရှိစေရေး အလေးအနက်ထား ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
