Friday, June 26, 2026

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ...

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏...

EPS စနစ်ဖြင့် စေလွှတ်သည့် မြန်မာအလုပ်သမား...

အခက်အခဲကြုံတွေ့ပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်ရန် သံအမတ်ကြီးမှာကြား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမားများသည် ဇွန် ၁၆...

တိုင်းနှင့် ပြည်နယ်(၉)ခုတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက်...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုချက်အရ တိုင်းနှင့် ပြည်နယ်(၉)ခုတွင် ဆိုလာစနစ်သုံး ရေတင်စီမံကိန်း (၄၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး...

လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့်ထောင်ချခံရသည့်သတင်းသမားနှစ်ဦး၏ အယူခံပယ်ချ

ထိုင်းနှင့် နယ်စပ်ပဋိပက္ခများအတွင်း နိုင်ငံ၏ စစ်ရေးလျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုဖြင့် ပြီးခဲ့သည့်နှစ်က ထောင်ဒ-ဏ်ချမှတ်ခံခဲ့ရသည့် သတင်းထောက်နှစ်ဦး၏ ပြစ်ဒ-ဏ်များကို ကမ္ဘောဒီးယားနိုင်ငံတရားရုံးချုပ်က အတည်ပြုခဲ့ကြောင်း တရားခံ ရှေ့နေရုံးက...
HomeNewsLocal Newsရန်ကုန်မြို့တွင် အမေရိကန်ဒေါ်လာ ၃၂၁...

ရန်ကုန်မြို့တွင် အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျ-က်ဆီး

ရန်ကုန်မြို့တွင် ကျင်းပသည့် ၃၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တို-က်ဖျ-က်ရေးနေ့အခမ်းအနားတွင် အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျ-က်ဆီးခဲ့သည်။

ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။

၂ဝ၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တို-က်ဖျ-က်ရေးနေ့တွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များ၌ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို တပြိုင်နက်တည်းမီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။

ယင်းတွင် ရန်ကုန်၌ မြန်မာကျပ်ငွေသန်း ၁၁၇၆၀၅၆.၇၁၂ ၊ အမေရိကန်အဒေါ်လာ ၃၂၁ ဒသမ ၃၂ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး ၃၁ မျိုးကို မီးရှို့ဖျ-က်ဆီးခဲ့သည်။

အလားတူ မန္တလေးမြို့၌ မြန်မာကျပ်ငွေသန်း ၄၁၆၀၆၄.၃၁၁၊ အမေရိကန်ဒေါ်လာ ၁၁၃.၆၇ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၇ မျိုး၊ တောင်ကြီးမြို့တွင် မြန်မာငွေကျပ်သန်း ၆၁၇၆၉၀.၉၇၊ အမေရိကန်ဒေါ်လာ ၁၆၈.၇၆ တန်ဖိုးရှိ မူးယစ်ဆေးဝါး ၉၃ မျိုးကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အထူးစစ်ဆင်ရေးများ အနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ အကြိမ်ပေါင်း (၄၁) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင်လည်း သတင်းရယူ ဖော်ထုတ်ဖမ်းဆီးရေးစီမံချက်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာအသုံးပြုသည့် ပရီကာဆာ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို အောင်မြင်စွာ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် Operation 42/26 အထူးစစ်ဆင်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ရာ မြန်မာ တစ်နိုင်ငံလုံး မူးယစ်ဆေးဝါး (၅၃၇၀) မှု၊ တရားခံ (၇၅၆၂) ဦး၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၇၆၁,၃၂၄) ဘီလီယံကျော်အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ ကျပ် ၅၀,၀၀၀ ချမှတ်မည်

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏ သာယာလှပမှုနှင့် သန့်ရှင်းရေးကို ထိခိုက်လာသဖြင့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများက တောင်တက်/ဆင်းလမ်းတစ်လျှောက် အမှိုက်အိတ်များ ထားရှိပေးခြင်း၊ အမှိုက်များကို စနစ်တကျသိမ်းဆည်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို တွေ့ရှိပါက ကျူးလွန်သူသည် ငွေဒဏ် ၅၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ယင်းဒ-ဏ်ငွေ၏ ထက်ဝက်ကို ပြစ်မှုကျူးလွန်သူအား တွေ့ရှိဖမ်းဆီးပေးနိုင်သူအား ဆုကြေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်...

EPS စနစ်ဖြင့် စေလွှတ်သည့် မြန်မာအလုပ်သမား (၁၂၈)ဦး ကိုရီးယားနိုင်ငံသို့ ရောက်ရှိ

အခက်အခဲကြုံတွေ့ပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်ရန် သံအမတ်ကြီးမှာကြား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမားများသည် ဇွန် ၁၆ ရက်နှင့် ဇွန် ၂၄ ရက်တို့တွင် ကိုရီးယားနိုင်ငံသို့ အောင်မြင်စွာရောက်ရှိခဲ့ကြောင်း သိရသည်။ ရောက်ရှိလာသည့် အလုပ်သမားများအနက် ဇွန် ၁၆ ရက်တွင် ကုန်ထုတ်လုပ်သား (၂၂)ဦးနှင့် ဆောက်လုပ်ရေးလုပ်သား (၆၁)ဦး၊ ဇွန် ၂၄ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၄၅)ဦးတို့သည် ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာအလုပ်သမားများအား မြန်မာသံရုံး(ဆိုးလ်မြို့)မှ...

တိုင်းနှင့် ပြည်နယ်(၉)ခုတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆိုလာရေတင်စီမံကိန်း (၄၃)ခု အကောင်အထည်ဖော်နေ

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုချက်အရ တိုင်းနှင့် ပြည်နယ်(၉)ခုတွင် ဆိုလာစနစ်သုံး ရေတင်စီမံကိန်း (၄၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။ ဇွန် ၂၅ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၀)ရက်မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၄) ဦးအောင်ကျော်မင်း၏ “တောင်သူလယ်သမားများ၏ စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ” ဟူသည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ နှစ်စဉ် ပြည်ထောင်စု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071