မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအ ဖွဲ့(MISIS)ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ ယနေ့ ဇွန် ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် ဘင်းမ်စတက်မူဘောင်အောက်တွင် ပူး ပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ဒေ သတွင်း မူဝါဒဆိုင်ရာဆွေးနွေးဖလှယ်မှုများအား ကောင်းလာစေရေးနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများကြား ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းသာယာဝပြောမှုတို့ဖော်ဆောင်ရန်ရည်ရွယ်သည့် ဘုံရည်မှန်းချက်များအကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်၊
