ချင်းတွင်းမြစ်ရေသည် လာမည့် ၄၈ နာရီအတွင်း၌ စစ် ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန် ၂၃ ရက်မွန်းလွဲ ၂ နာရီတွင် အသိပေးခဲ့သည်။
လက်ရှိအချိန်၌ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၄)ပေခွဲကျော်တွင်ရောက်ရှိနေ ရာမှ လာမည့် ၄၈ နာရီအတွင်း ဟုမ္မလင်းမြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိ ပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင် ရှားကြရန် မိုးဇလကသတိပေးနှိုးဆော်ထားသည်။
