Wednesday, June 24, 2026

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့်...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့်...

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃...

ရေနံဈေးတွေ ကျမလာတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။ "ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ...
HomeNewsLocal Newsရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ အာကာသပြတိုက်သို့...

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ အာကာသပြတိုက်သို့ လေ့လာရေးခရီးလှည့်လည်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများအဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့တွင် အာကာသပြတိုက် (ရန်ကုန်) သို့ သွားရောက်ကာ ခေတ်မီအာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဗဟုသုတများကို စနစ်တကျ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။ ထိုသို့လေ့လာရာတွင် မြန်မာအာကာသအေဂျင်စီမှ နည်းပညာရှင်များနှင့် ပညာရှင်များက ပြခန်းတစ်ခုချင်းစီအလိုက် ခေတ်မီဆန်းသစ်သော ပြသကွက်များကို အသေးစိတ် လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ပြတိုက်အတွင်းရှိ ကမ္ဘာ့အဆင့်မီ စကြာဝဠာအာကာသဆိုင်ရာ ပြခန်းကြီးများကို စိတ်ဝင်တစား လေ့လာခဲ့ကြရာ –

အာကာသနက်နဲမှု ရှာဖွေရေးပြခန်း

နေအဖွဲ့အစည်းအတွင်း စူးစမ်းလေ့လာနေသည့် လကမ္ဘာနှင့် အင်္ဂါဂြိုဟ်သွား အာကာသယာဉ်များ၊ ထူးခြားသည့် အာကာသရှာဖွေတွေ့ရှိချက်များကို လုံးဝန်းသောမျက်နှာပြင်ပေါ်တွင် သက်ဝင်လှုပ်ရှားသည့် ပုံရိပ်များအဖြစ် ဖန်တီးပြသထားသည့် ခေတ်မီစနစ်များ။

အာကာသစခန်းပြခန်း

လက်ရှိ ကမ္ဘာပတ်လမ်းကြောင်းထဲတွင် လည်ပတ်နေသည့် နိုင်ငံတကာအာကာသစခန်းကြီး၊ အာကာသယာဉ်မှူးများ ဝတ်ဆင်ရသည့် အထူးဝတ်စုံများနှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်အောင်မြင်မှု သမိုင်းမှတ်တမ်းများ။

ခရုပတ်ပုံစံ လျှောက်လမ်းပြခန်း

ရှေးခေတ်ဂရိပညာရှင်များ၏ ထူးခြားသော နက္ခတ်ဗေဒတွေးခေါ်ယူဆချက်များနှင့် သီအိုရီများ၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် ဒုံးပျံများ၏ သမိုင်းကြောင်း၊ ဒုံးပျံလွှတ်တင်မှု သရုပ်ပြပုံစံများနှင့် အာကာသထဲမှ ကမ္ဘာမြေသို့ ပြန်လည်ဝင်ရောက်သည့် အာကာသယာဉ်ငယ်ပုံစံ အသွင်ယောင်အဖြစ်မှန်ပြ နည်းပညာသုံး သရုပ်ပြကွက်များ။

ပင်မပြခန်းကြီး

ကျွန်ုပ်တို့ ရှင်သန်ရာ ကမ္ဘာမြေအကြောင်း၊ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်ကြီးများ၏ ထူးခြားချက်များနှင့် စကြာဝဠာကြီးအတွင်း လေ့လာတွေ့ရှိထားသမျှသော စိတ်ဝင်စားဖွယ်ရာများကို မြင်တွေ့ခဲ့ကြသည်။

မြန်မာ့လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် အာကာသနည်းပညာကို အသုံးချမည်

ပြခန်းများကို လှည့်လည်ကြည့်ရှုပြီးနောက် မြန်မာအာကာသအေဂျင်စီမှ ပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အာကာသသိပ္ပံနှင့် နည်းပညာကို မည်သို့ထိရောက်စွာ အသုံးချနိုင်မည်ဆိုသည့် သိကောင်းစရာများကို ရင်းနှီးပွင့်လင်းစွာ နှီးနှောဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အာကာသနည်းပညာများကို ကမ္ဘာ့နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် အခြေအနေများ၊ လက်ရှိ မြန်မာနိုင်ငံတွင် တရားဝင်အသုံးပြုလျက်ရှိသော ဆက်သွယ်ရေးဂြိုဟ်တုများ၏ အခန်းကဏ္ဍ၊ မြန်မာအာကာသအေဂျင်စီ ဖွဲ့စည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်နှင့် အနာဂတ်လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုနည်းပညာကို အသုံးချကာ စိုက်ပျိုးရေး၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစသည့် နယ်ပယ်များတွင် မည်သို့အကျိုးရှိရှိ အသုံးချနိုင်မည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး နိုင်ငံတော်၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဖိုးတန်လှသည့် အကြံပြုချက်များကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

မြန်မာသမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်တွင်လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မိုးလေဝသစောင့်ကြည့်ရေးတို့အတွက် မြန်မာ တရုတ် ပညာရှင်များပူးပေါင်းပြီး မကြာခင် ဂြိုဟ်တုတစ်လုံးလွှတ်တင်ဖို့ ဆွေးနွေးနိုင်ခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် သံရုံး မေတ္တာရပ်ခံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မြန်မာသံရုံးက အသိပေးမေတ္တာရပ်ခံထားသည်။ လက်ရှိတွင် သံရုံးအနီးရှိ နေအိမ်များရှေ့၌ အမှိုက်များ စွန့်ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်း၊ ဆူညံစွာ ပြုမူခြင်းနှင့် မော်တော်ယာဉ်များအား စည်းကမ်းမဲ့ ရပ်နားခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နေထိုင်သူများက သံရုံးသို့ အဆက်မပြတ် တိုင်ကြားမှုများ ရှိနေကြောင်း ဇွန် ၂၄...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ အသိပညာပေးဟောပြောပွဲနှင့် ပြည်သူ့စကားဝိုင်း စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့် ပြည်သူ့စကားဝိုင်း (၂၁) ကြိမ် စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြောကြားသည်။ “ပြည်သူ့အစိုးရ ပေါ်ပေါက်လာတာနဲ့အညီ ပြည်သူတွေ သိလိုတဲ့အချက်အလက်တွေကို ပွင့်လင်းစွာ မေးမြန်းနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပြည်သူ့စကားဝိုင်းတွေကို ဆောင်ရွက်ပေးနေတာ...

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ ရတနာပုံအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၂) တွင် ရန်ကုန်စီးတီး FC အသင်းနှင့် ရင်ဆိုင်ရာ၌ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ယင်းသွင်းဂိုးဖြင့် အသင်းသမိုင်းဝင် မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂိုးကို သွင်းယူချိန်တွင် ပင်မြင့်ယံ၏ အသက်မှာ (၁၆) နှစ်၊ (၈) လနှင့် (၂၂) ရက်သာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071