Tuesday, June 23, 2026

မိုးကောင်း၊ ဖားကန့်ဒေသများတွင် ရေကြီးနစ်မြုပ်မှုဆိုးရွားနေပြီး အရေးပေါ်အကူအညီများ...

ကချင်ပြည်နယ်ရှိ မိုးကောင်းနှင့် ဖားကန့်ဒေသများအပါအဝင် ဒေသအချို့တွင် မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားလျက်ရှိပြီး ဒေသခံများအတွက် ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများအပါအဝင်...

ဝေါမြို့နယ်တွင် ကျပ် (၆၂) ဘီလျံကျော်...

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ကျပ် (၆၂) ဘီလျံကျော် မူးယစ်ဆေးများအား ဖမ်းဆီးရမိခဲ့‌ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းမူးယစ်ဆေးများကို ကရင်ပြည်နယ်သို့ သယ်ဆောင်မည်...

ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့်...

ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဇွန်လ ၂၄ ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ရောင်းချရာ၌ Online Railways Ticketing and...

ညောင်ခါးရှည်စစ်ဆေးရေးစခန်း ရှောင်ကွင်းလမ်းများကို စဉ်ဆက်မပြတ် ပိတ်ဆို့စစ်ဆေးမည်ဟု...

ပဲခူးတိုင်းဒေသကြီးရှိ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းကို ရှောင်ကွင်းသွားလာသည့် လမ်းကြောင်းများတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ပြောကြားသည်။ ဇွန် ၂၂...
HomeMovies​MFF-Royal-D U-15 League...

​MFF-Royal-D U-15 League မန္တလေးဇုန် ခြေစစ်ပွဲပြီးဆုံး၊

ဒုတိယအဆင့်ကို အသင်း (၈)သင်းဖြင့် ဩဂုတ်လတွင် ဆက်လက်ကျင်းပမည်

​MFF-Royal-D U-15 League 2026 ပြိုင်ပွဲ မန္တလေးဇုန် ခြေစစ်ပွဲကို ဇွန်လ (၁၉) ရက်မှ (၂၁ )ရက်အထိ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ရာ၊ ​ဒုတိယအဆင့်ပြိုင်ပွဲကို လာမည့် ဩဂုတ်လ ပထမပတ်မှ ဒီဇင်ဘာလအထိ နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။

ဒုတိယအဆင့်ပြိုင်ပွဲတွင် ပါဝင်မည့်မန္တလေးဇုန်မှ (၈)အသင်းမှာ STNM FC၊ Shwe Pay Leik FC၊ Sparrow FC၊ Anis akhan FC၊ Youth Soccer Future FC၊ Sagaing UTD FC၊ MFF Academy (Mandalay) U-14နှင့် ​Bawgabala FC အသင်းတို့ ဖြစ်ကြောင်း အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပပြီး Royal-D မှ အဓိကပံ့ပိုးကူညီထားသည့် ယခုခြေစစ်ပွဲတွင် Bawg abala FC၊ Warm FC၊ Naypyitaw Utd FC နှင့် GE Mahar FC တို့ယှဉ်ပြိုင်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် Bawgabala FC အသင်းက ဒုတိယအဆင့်သို့ တက်ရောက်ခွင့် ရရှိသွားခြင်းလည်းဖြစ်သည်။

​အဆိုပါ ဒုတိယအဆင့် ပြိုင်ပွဲများအပြီးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်းဆုံး အသင်း (၈)သင်းကို ရွေးချယ်ကာ ချန်ပီယံလုပွဲကို ကျင်းပသွားမည်ဖြစ်သည်။

ကျန်ရှိနေသေးသည့် နယ်ဇုန်များဖြစ်သော တောင်ကြီးဇုန်နှင့် မော်လမြိုင်ဇုန်တို့အတွက် အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာပေးသွားမည်ဟု အဖွဲ့ချုပ်က အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးကောင်း၊ ဖားကန့်ဒေသများတွင် ရေကြီးနစ်မြုပ်မှုဆိုးရွားနေပြီး အရေးပေါ်အကူအညီများ အရေးတကြီးလိုအပ်

ကချင်ပြည်နယ်ရှိ မိုးကောင်းနှင့် ဖားကန့်ဒေသများအပါအဝင် ဒေသအချို့တွင် မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားလျက်ရှိပြီး ဒေသခံများအတွက် ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ မိုးကောင်းမြို့တွင် နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အများစု ရေနစ်မြုပ်လျက်ရှိပြီး သွားလာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ “မိုးကောင်းဆိုရင် တစ်မြို့လုံးနီးပါး ရေမြုပ်နေပြီ။ ဆက်ပြီးနေလို့မရတဲ့ နေရာတွေလည်းရှိတယ်။ တချို့ရပ်ကွက်တွေက နေလို့ရသေးပေမယ့် ဘယ်မှသွားလာလို့မရတော့ဘူး” ဟု မိုးကောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ မြို့ဦး၊ ကျွန်းတော၊ နောင်ကိုင်၊...

ဝေါမြို့နယ်တွင် ကျပ် (၆၂) ဘီလျံကျော် မူးယစ်ဆေးများ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ကျပ် (၆၂) ဘီလျံကျော် မူးယစ်ဆေးများအား ဖမ်းဆီးရမိခဲ့‌ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းမူးယစ်ဆေးများကို ကရင်ပြည်နယ်သို့ သယ်ဆောင်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်သည် ပြီးခဲ့သည့် ဇွန်လ (၉) ရက်၊ မွန်းလွဲက ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ယာဉ်မောင်း စိုင်းမောင်မောင် မောင်းနှင်ပြီး မြတ်နိုးအောင် လိုက်ပါလာသည့် FAN အမျိုးအစား (၂၂) ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ်...

ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဇွန်လ ၂၄ ရက်တွင် ရောင်းချမည်

ရန်ကုန်-မော်လမြိုင် DEMU ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဇွန်လ ၂၄ ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ရောင်းချရာ၌ Online Railways Ticketing and Payment System (ORTP) စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ ယင်းစနစ်သည် ရန်ကုန်-မန္တလေး-ရန်ကုန်နှင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် DEMU ရထားခရီးစဉ်များကိုလည်း ရောင်းချပေးနေခြင်း ဖြစ်သည်။ လက်မှတ်များကို အွန်လိုင်းမှ ၇ ရက်ကြိုတင်ရောင်းချမည်ဖြစ်သည်။ လက်မှတ်ခများသည် ပထမတန်းလျှင် ငွေကျပ် ၁၆၀၀၀နှင့် အထက်တန်းလျှင် ငွေကျပ် ၂၂၀၀၀ ဖြစ်သည်။ ရန်ကုန်-မော်လမြိုင် DEMU ရထားကို ဇူလိုင် ၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071