Thursday, June 18, 2026

တသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့်...

အမျိုးသားစာပေဆု ၅ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ယနေ့ ဇွန်လ ၁၈...

တရုတ်၏ ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှု မဟာဗျူဟာကို ဖော်ဆောင်နေသည့်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ (Shanghai Lingang Special...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့...

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး...

မြန်မာ့အာကာသကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန်...

မြန်မာနိုင်ငံ၏ အာကာသသိပ္ပံနှင့် အာကာသစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ကျွမ်းကျင်ပညာရှင် လေ့ကျင့်မွေးထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တီအန်မန်ရင်ပြင်ရှိ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တီအန်မန်ရင်ပြင်ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တီအန်မန်ရင်ပြင် (Tiananmen Square) သို့ သွားရောက်ကာ ပြည်သူ့သူရဲကောင်းများ အထိမ်းအမှတ်ဗိမာန် (Monument to the People’s Heroes) ၌ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတသည် လွမ်းသူ့ပန်းခွေချပြီးနောက် တရုတ်နိုင်ငံ၏ လွတ်လပ်ရေး၊ တော်လှန်ရေးနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များအတွင်း အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းများအား ဂုဏ်ပြုအလေးပြုခဲ့ကြောင်း သိရသည်။

ပြည်သူ့သူရဲကောင်းများ အထိမ်းအမှတ်ဗိမာန်သည် တီအန်မန်ရင်ပြင်၏ ဗဟိုတွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ အရေးပါဆုံး အမျိုးသားအထိမ်းအမှတ် အဆောက်အအုံများအနက် တစ်ခုဖြစ်သည်။ အမြင့် ၃၈ မီတာခန့်ရှိ အဆိုပါ ကျောက်တိုင်ကြီးကို တရုတ်ပြည်သူများ၏ တော်လှန်ရေးသမိုင်းတွင် အသက်ပေးခဲ့ကြသည့် သူရဲကောင်းများအား ဂုဏ်ပြုရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တီအန်မန်ရင်ပြင်သည် ကမ္ဘာ့အကြီးဆုံး မြို့ပြရင်ပြင်များအနက် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် အမျိုးသားအဆင့် အခမ်းအနားများ ကျင်းပရာ အထင်ကရနေရာတစ်ခုလည်း ဖြစ်သည်။ အဆိုပါရင်ပြင်အတွင်း ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of the People)၊ တရုတ်အမျိုးသားပြတိုက်နှင့် မော်စီတုန်း အထိမ်းအမှတ်ဗိမာန်တို့ တည်ရှိနေသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း၊ အဆင့်မြင့်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းများကိုလည်း ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့် ကွယ်လွန်

အမျိုးသားစာပေဆု ၅ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ယနေ့ ဇွန်လ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်သွားကြောင်းသိရသည်။ ဆရာကြီး ဦးတင်မောင်မြင့်ကို ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ စစ်ကျွန်းရွာတွင် အဖဦးမောင်ဒွေး၊ အမိဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်းအောင်ပြီး...

တရုတ်၏ ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှု မဟာဗျူဟာကို ဖော်ဆောင်နေသည့် လင်းကန်အထူးဒေသသို့ မြန်မာသမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ (Shanghai Lingang Special Area) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ လင်းကန်အထူးဒေသသည် တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ဖော်ဆောင်နေသည့် အရေးပါသော စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးရေးဇုန်တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့်စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်းသိရသည်။ ပိုမိုနက်ရှိုင်း ကျယ်ပြန့်သော ကဏ္ဍများတွင် ဘက်စုံနှင့် အဆင့်မြင့်မားသော တံခါးဖွင့်ဝါဒ (အပြင်သို့ ပွင့်လင်းစွာ...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူညီချက် ရယူလိုကြောင်း ထရန့် ပြောကြား

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တက်တက်ကြွကြွ တိုးမြှင့်တည်ဆောက်နေပြီး နောက် ၅ နှစ်အတွင်းမှာ သူတို့ (အမေရိကန်နဲ့ ရုရှား) ကို ရင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ထရန့်က အခုလို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071