Monday, June 15, 2026

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...

ရန်ကုန်တိုင်းအတွင်း ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်၊ မြေလပ်နှင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အမှတ်...

အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင်...

​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃)...

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊...
HomeNewsLocal Newsအာရှစင်မြင့်ထက်က မြန်မာဘောလုံးကလပ်(၂) သင်း၏...

အာရှစင်မြင့်ထက်က မြန်မာဘောလုံးကလပ်(၂) သင်း၏ စိန်ခေါ်မှုအသစ် ACGL တွင် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ တရားဝင်ထုတ်ပြန်ချက်အရ လာမည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှတိုက်အဆင့်ကလပ်ပြိုင်ပွဲတစ်ခုဖြစ်သည့် AFC Challenge League (ACGL) တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ခွင့်နေရာ (၂) နေရာရရှိခဲ့ကြောင်း သိရသည်။

ဝင်ခွင့်သတ်မှတ်ချက်များအရ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြီးခဲ့သည့်ရာသီ မြန်မာနေရှင်နယ်လိဂ်(MNL) ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဒုတိယရရှိခဲ့သော ရန်ကုန်ယူနိုက်တက်အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲပုံစံသတ်မှတ်ချက်များအရ မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ACGL ပြိုင်ပွဲ ၏ အုပ်စုအဆင့်မှစတင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းမှာမူ အုပ်စုအဆင့်တက်လှမ်းနိုင်ရန် ခြေစစ်ပွဲအဆင့်မှစတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၆-၂၀၂၇ ရာ သီအတွက် အာရှအဆင့်မြင့်ကလပ်ပြိုင်ပွဲများဖြစ်သော ACL Elite၊ ACL Two နှင့် ACGL ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကလပ်အသင်းစာရင်းများကို ပြီးခဲ့သည့် မေ ၃၁ ရက်က နောက်ဆုံးထားလက်ခံခဲ့ပြီးနောက် ဘောလုံးအဖွဲ့ချုပ်အသီးသီးကတင်သွင်းလာသည့် လိုင်စင်စံနှုန်းများနှင့် ကိုက်ညီသည့် ကလပ်အသင်းစာရင်းများကို အသေးစိတ်စိစစ်အတည်ပြုပြီး၍ မြန်မာကလပ် (၂) သင်း ပါဝင်ခွင့်ရရှိခြင်းကို အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာရှအဆင့်ပြိုင်ပွဲကြီးတွင်အားပြိုင်ရမည့် မြန်မာ့ထိပ်သီးကလပ်နှစ်သင်း၏ ပွဲစဉ်အသေးစိတ်နှင့် အုပ်စုမဲခွဲပွဲရက်များကို AFC က ဆက်လက်ထုတ်ပြန်သွားမည်ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန် Smart City စီမံကိန်း တိုးတက်မှုအဆင့်များကို Star Rating System ဖြင့် ပြည်သူထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် အဆို တင်သွင်း

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရေးအတွက် တိုက်တွန်းသည့်အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဇွန် ၁၅ ရက်က တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုကို ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်ခိုင်ဆုရည်ဇော်က တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးကျော်စံက ထောက်ခံဆွေးနွေးခဲ့သည်။ ဒေါ်ခိုင်ဆုရည်ဇော်က “ပြည်သူလူထုအနေဖြင့် မိမိတို့မဲဆန္ဒနယ်အတွင်း စမတ်စီးတီးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် စောင့်ကြည့်ခွင့်ရရှိကာ...

ရန်ကုန်တိုင်းအတွင်း ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးနိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်သိမ်းဆည်းထားသော စိုက်ပျိုးမွေးမြူရေး မြေနေရာများအား အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူများအတွက် တရားဝင် လျှောက်ထားစေရေး စိုက်ပျိုးမွေးမြူခွင့်ပြုနိုင်ရေး အစီအစဉ် ရှိ မရှိကို မေးမြန်းခဲ့သည်။ မေးမြန်းချက်အရ " ရန်ကုန်တိုင်းဒေသကြီးဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို...

အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင် ဒေသခံ (၂,၀၀၀) နီးပါးကိုကွင်းဆင်းကုသပေးခဲ့

​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြည်မြို့သို့ ကွင်းဆင်း၍ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ​ယခု ကွင်းဆင်းကုသမှုတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်မှ လာရောက်ပြသသည့် ပြည်သူများကိုပါ ကုသပေးခဲ့ခြင်းဖြစ်  ကြောင်း သိရသည်။ အဆိုပါ ​နှစ်ရက်တာကာလအတွင်းအထူးကုအဖွဲ့အနေဖြင့်​အထွေထွေရောဂါလူနာ (၄၅၆) ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071