Monday, June 8, 2026

ထိုင်းအသင်းနှင့် ပွဲစဉ်အား အကောင်းဆုံးကြိုးစားကစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်း...

AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိနိုင်မည့် အခွင့်အရေးနှင့်အတူ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို...

ရှီ မြောက်ကိုရီးယားကို ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းတွင် နှစ်ကြိမ်ဆက်တိုက် ထိပ်သီးအစည်းအဝေးများကို လက်ခံကျင်းပပြီးနောက် ယခုနှစ်အတွင်း ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် တနင်္လာနေ့တွင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။     ဝါရှင်တန်၏...

အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထား

ရန်ကုန်တိုင်း၊ အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ ရေမြောင်းများအား ရန်ကုန်မြို့တော်စည်ပင်က ရေစီးရေလာကောင်းမွန်ရေးအတွက်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း၊ ဧရာဝတီလမ်းထိပ်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ...

မြန်မာ့စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ဆုံးပေါ် နည်းပညာများနှင့်ဆန်းသစ်တီထွင်မှု များ...

မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ အနာဂတ်ကို ပုံဖော်ပေးမည့် 10th AgriTech Myanmar 2026 စိုက်ပျိုးရေးပြပွဲကြီးကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၅ ရက်မှ...
HomeInternationalဖိလစ်ပိုင် အားပြင်းငလျင်ကြောင့် ‌ေ-သဆုံးသူ...

ဖိလစ်ပိုင် အားပြင်းငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၅ ဦးထက်မနည်း ရှိ

တနင်္လာနေ့အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသတွင် ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် အဆောက်အအုံများပြိုကျခဲ့ကာ လူ ၁၅ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

“အဆောက်အအုံများစွာ ထိခိုက်ခဲ့ပေမယ့် လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ရှုပ်နေတာမို့ စာရင်းမပြုစုနိုင်သေးပါဘူး” ဟု ဂျင်နရယ် ဆန်းတို့စ်စီးတီးရဲတပ်ဖွဲ့မှ ရောဘတ်ဒါဂွန်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

မင်ဒါနာအိုကျွန်းရှိ Soccsksargen ဒေသတွင် လူ ၁၂ ဦးနှင့် ဒါဗာအို အော့စီဒန်တဲလ်ပြည်နယ်တွင် လူ သုံးဦး စုစုပေါင်း လူ ၁၅ ဦး ‌ေ-သဆုံးခဲ့ကြောင်း နိုင်ငံတော်သဘာဝဘေးဌာနက ပြောကြားခဲ့သည်။

နောက်ဆက်ငလျင်များ၏ အန္တရာယ်ကြောင့် ပျ-က်စီးနေသော အိမ်များ သို့မဟုတ် အခြားအခြေခံအဆောက်အဦများအတွင်းကို မဝင်ရောက်ရန် အရပ်ဖက်ကွယ်ရေးရုံးက သတိပေးခဲ့သည်။

ဂါဒီယန်းသတင်းဌာနက အတည်ပြုထားသော ဗီဒီယိုတစ်ခုတွင် ငလျင်ဗဟိုချက်အနီး ဂျင်နရယ် ဆန်းတို့စ်စီးတီးရှိ နာမည်ကြီးစားသောက်ဆိုင် Jollibee ၏ အပေါ်ပြိုကျသွားခဲ့သည့်အပြင် စီးပွားရေးအဆောက်အအုံ၏ အပြင်ဘက်ကွန်ကရစ်နံရံများ ပြိုကျသွားခဲ့သည်ကို တွေ့ရသည်။

ဒေသတွင်း ရေဒီယိုကွန်ရက် Bombo Radyo က ဖေါ်ပြခဲ့သော ဗီဒီယိုတစ်ခုတွင် ဒါဗာအို ဒဲလ်ဆာမြို့၌ ကျောင်းသားများ အပြင်ဘက်တွင် စုဝေးနေချိန် အထက်တန်းကျောင်း၏ အစိတ်အပိုင်းများပြိုကျသွားခဲ့သည်ကို တွေ့ရသည်။

လျှပ်စစ်ဓာတ်အားပြတ်တေ-ာက်ခဲ့ပြီး မြင့်မားသည့်နေရာများကို သွားရောက်ကြရန် ဒေသခံများကို တိုက်တွန်းထားသည်။ ထိခိုက်‌ေ-သဆုံးမှုများနှင့် ပတ်သက်၍ အရပ်ဖက်ကာကွယ်ရေးရုံးထံမှ နောက်ထပ်သတင်းအချက်အလက်များကို လတ်တလောတွင် မရရှိသေးပေ။

Ref: သည်ဂါဒီးယန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းအသင်းနှင့် ပွဲစဉ်အား အကောင်းဆုံးကြိုးစားကစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်း ပြောကြား

AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိနိုင်မည့် အခွင့်အရေးနှင့်အတူ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို ဇွန် ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇွန် ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် Mitsuo Kato က “ထိုင်းအသင်းဟာ မြန်မာအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားပါတယ်။ ဒါကြောင့် ဒီပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲတစ်ပွဲ...

ရှီ မြောက်ကိုရီးယားကို ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းတွင် နှစ်ကြိမ်ဆက်တိုက် ထိပ်သီးအစည်းအဝေးများကို လက်ခံကျင်းပပြီးနောက် ယခုနှစ်အတွင်း ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် တနင်္လာနေ့တွင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။     ဝါရှင်တန်၏ အဓိက ပထဝီနိုင်ငံရေးပြိုင်ဘက် တရုတ်နိုင်ငံသည် ဆယ်စုနှစ်များစွာကတည်းက မြောက်ကိုရီးယား၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုများကြောင့် ထိခိုက်ခဲ့ရသော မြောက်ကိုရီးယားအတွက် သံတမန်ရေးနှင့် စီးပွားရေးအထောက်အပံ့၏ အဓိကရင်းမြစ်ဖြစ်သည်။         ၂၀၁၉ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ် ရှီကျင့်ဖျင်လိုက်ပါလာသော အဲရ်ချိုင်းနား လေယာဉ်ဆိုက်ရောက်လာချိန်တွင် စစ်ဘက်အရာရှိများက အနီရောင်ကော်ဇောနီပေါ်တွင် တန်းစီစောင့်ဆိုင်းကြိုဆိုခဲ့ကြသည်ကို ရှင်းဟွာသတင်းဌာနမှ ထုတ်လွှင့်ခဲ့သော ဗီဒီယိုတွင် တွေ့ရသည်။         လေဆိပ်ရှိ...

အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထား

ရန်ကုန်တိုင်း၊ အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ ရေမြောင်းများအား ရန်ကုန်မြို့တော်စည်ပင်က ရေစီးရေလာကောင်းမွန်ရေးအတွက်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း၊ ဧရာဝတီလမ်းထိပ်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ ရေနုတ်မြောင်း၊ ဗဟိုလမ်းပေါ်ရှိ အောင်ချမ်းသာရေမြောင်း၊ ပန်းလှိုင်ရပ်ကွက် ရှင်စောပုလမ်းရှိ အောင်ချမ်းသာရေနုတ်မြောင်းတို့အတွင်း၌ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်သရိုက်များကိုဆယ် ယူရှင်းလင်းထားကြောင်း သိရသည်။ ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင်လည်း မြေယာရှုခင်းများဆောင်ရွက်ရန်မြေပြုပြင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားမှုနှင့် မြေပြုပြင်နေမှုတို့အား ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်က ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071