Friday, June 5, 2026

ယဉ်ကျေးမှုများအကြား နားလည်မှုတံတား တည်ဆောက်ရေးတွင် မီဒီယာ၏အခန်းကဏ္ဍ...

နိုင်ငံနှင့်ဒေသပေါင်း ၅၀ ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များ တရုတ်နိုင်ငံ၌ ကျင်းပသည့် Global Journalists Salon သို့ တက်ရောက် တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသော China...

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဟု...

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း(၁,၇၁၅)ဧကတွင် အပင်ပေါင်း(၂) သန်းကျော်စိုက်ပျိုးပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန်...

သီးနှံစိုက်ဧကများသော်လည်း အထွက်နှုန်းလျော့နည်းသည့်ဒေသများ၌သုတေသနပြုအဖြေရှာရန် နိုင်ငံ တော်သမ္မတမှာကြား

သီးနှံအထွက်နှုန်းမြင့်မားစေရေးနှင့်ပတ်သက်၍ သု တေသနပြုအဖြေရှာခြင်းများပြုလုပ်ရန် နိုင်ငံတော်သ မ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၅ ရက်ကကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့...

ဂြိုဟ်တုပစ်မှတ်ရှာဖွေစောင့်ကြည့်ထောက်လှမ်းမှုကို အလိုအလျောက်လုပ်ဆောင်ပေးမည့် AI စနစ်ကိုတရုတ်မိတ်ဆက်

ဇွန်လ ၅ ရက် အမေရိကန်ပြည်ထောင်စုသည် အီရန်စစ်ပွဲအတွင်းသို့ အင်အားပြင်းလက်နက်သစ်တစ်ရပ် ဖြစ်သည့် ဂြိုဟ်တုဓာတ်ပုံများကို ဆန်းစစ်လေ့လာခြင်းမှသည် နောက်ဆုံးပစ်မှတ်ရွေးချယ်တိုက်ခိုက်ခြင်းအထိ ပစ်မှတ်ရှာဖွေမှုအဆင့်တိုင်းကို အလိုအလျောက်လုပ်ဆောင်ပေးနိုင်သော ဉာဏ်ရည်တု (AI)...
HomeMoviesပျူခေတ်၊ ကုန်းဘောင်ခေတ် ရှေးဟောင်းဒင်္ဂါး...

ပျူခေတ်၊ ကုန်းဘောင်ခေတ် ရှေးဟောင်းဒင်္ဂါး ၆၆၁ ပြားအပ်နှံသူများကို ကျပ်သိန်း ၅၄၀ ကျော်ချီးမြှင့်

ရှေးဟောင်းဝတ္ထုပစ္စည်းများဖြစ်သည့် ပျူခေတ်ငွေဒင်္ဂါး ၃၃၃ ပြားနှင့် ကုန်းဘောင်ခေတ် ဒင်္ဂါး ၃၂၈ ပြား အပ်နှံခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေစုစုပေါင်း ကျပ်သိန်း ၅၄၀ ကျော် ချီးမြှင့်ပေးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲကို ဇွန် ၅ ရက်က အမျိုးသားပြတိုက်(နေပြည်တော်)တွင် ကျင်းပခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် မိုးဖုံးအုပ်စု ဗဟန်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝရဉာဏက ကုန်းဘောင်ခေတ် သတ္တုစပ်ဒင်္ဂါး ၃၂၈ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ် ၅၆၂၅၀၀၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှ ဦးဝင်းကိုကိုမောင်က ပျူခေတ် ငွေဒင်္ဂါး ၃၃၃ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ကာလတန်ဖိုး၊ ခေတ်ကာလဆုကြေး၊ ခေတ်လက်ရာဆုကြေးနှင့် ရှားပါးလက်ရာထပ်ဆောင်းဆုကြေးများအပါအဝင် စုစုပေါင်း ဆုကြေးငွေ ကျပ် ၄၈၅၃၂၄၈၄ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရွှေ၊ ငွေ၊ ကြေးနှင့် အခြားရှေးဟောင်းဝတ္ထုပစ္စည်း စုစုပေါင်း ၃၃၆၁၅ ခုအား လာရောက်အပ်နှံခဲ့သူ ၄၅၉ ဦးကို ဆုကြေးငွေစုစုပေါင်း ကျပ် ၅၉၈၆၇၉၀၇၂ ချီးမြှင့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယဉ်ကျေးမှုများအကြား နားလည်မှုတံတား တည်ဆောက်ရေးတွင် မီဒီယာ၏အခန်းကဏ္ဍ အရေးပါဟု CUC ဒုဥက္ကဋ္ဌပြော

နိုင်ငံနှင့်ဒေသပေါင်း ၅၀ ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များ တရုတ်နိုင်ငံ၌ ကျင်းပသည့် Global Journalists Salon သို့ တက်ရောက် တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသော China International Press Communication Center (CIPCC) 2026 အစီအစဉ်တွင် ပါဝင်နေသည့် နိုင်ငံနှင့်ဒေသပေါင်း (၅၀) ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များသည် “ယဉ်ကျေးမှုများအကြား ဆွေးနွေးဖလှယ်ရေး အပြည်ပြည်ဆိုင်ရာနေ့” အထိမ်းအမှတ်အဖြစ် တရုတ်ဆက်သွယ်ရေးတက္ကသိုလ် (CUC) ၌ ကျင်းပသည့် Global Journalists Salon ဆွေးနွေးပွဲတွင် မီဒီယာ၏ နိုင်ငံတကာဆက်သွယ်ရေးတာဝန်နှင့်...

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဟု နိုင်ငံတော်သမ္မတပြော၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း(၁,၇၁၅)ဧကတွင် အပင်ပေါင်း(၂)သန်းကျော်စိုက်ပျိုးပြီးဖြစ်

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း(၁,၇၁၅)ဧကတွင် အပင်ပေါင်း(၂) သန်းကျော်စိုက်ပျိုးပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၅ ရက်တွင်ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ် သည်။ " ကမ်းရိုးတန်းဒေသတွေမှာ ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း(၁,၇၁၅)ဧကမှာ အပင်ပေါင်း(၂)သန်းကျော်စိုက်ပျိုးခဲ့ပြီးဖြစ်တဒ့အတွက် ၂၀၃၀ ပြည့်နှစ်အထိ ရေ ရှည်စီမံချက်တွေရေးဆွဲပြီး နှစ်စဉ် ဒီရေတောစိုက်ခင်းတွေတည်ထောင်သွားပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် ယခုနှစ် မိုးရာသီ၌ နေပြည်တော်၊ တိုင်း၊ ပြည်...

သီးနှံစိုက်ဧကများသော်လည်း အထွက်နှုန်းလျော့နည်းသည့်ဒေသများ၌သုတေသနပြုအဖြေရှာရန် နိုင်ငံ တော်သမ္မတမှာကြား

သီးနှံအထွက်နှုန်းမြင့်မားစေရေးနှင့်ပတ်သက်၍ သု တေသနပြုအဖြေရှာခြင်းများပြုလုပ်ရန် နိုင်ငံတော်သ မ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၅ ရက်ကကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ မှာကြားခဲ့ခြင်းဖြစ် သည်။ " သီးနှံစိုက်ဧကအများအပြားရှိပေမယ့် အထွက်နှုန်း လျော့နည်းနေတဲ့ဒေသတွေက်ု သုတေသနအဖွဲ့တွေစေ လွှတ်ပြီး အချိန်ယူသုတေသနပြုအဖြေရှာရပါမယ်။ နေ ကြာမျိုးစေ့တွေနဲ့ နှမ်းမျိုးစေ့တွေကိုလည်း ဆက်လက်တိုးချဲ့ထုတ်လုပ်နိုင်ဖို့လိုပါတယ်။ စိုက်ဧကတိုးချဲ့မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်မယ့် မျိုးစေ့လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့အတွက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းတွေကို ပြည်တွင်းမှာဘဲ စဉ်ဆက်မပြတ် သု တေသနပြုထုတ်လုပ်ဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မ တက မှာကြားသည်။ ထို့ပြင် မြန်မာနိုင်ငံမှထွက်ရှိသည့် ပြည်ပဈေးကွက်သို့တင်ပို့လျက်ရှိသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071