Friday, June 5, 2026

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃)...

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့်...

ယဉ်ကျေးမှုများအကြား နားလည်မှုတံတား တည်ဆောက်ရေးတွင် မီဒီယာ၏အခန်းကဏ္ဍ...

နိုင်ငံနှင့်ဒေသပေါင်း ၅၀ ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များ တရုတ်နိုင်ငံ၌ ကျင်းပသည့် Global Journalists Salon သို့ တက်ရောက် တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသော China...

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဟု...

၂၀၃၀ ပြည့်နှစ်အထိ ဒီရေတောစိုက်ခင်းများကို နှစ်စဥ်တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း(၁,၇၁၅)ဧကတွင် အပင်ပေါင်း(၂) သန်းကျော်စိုက်ပျိုးပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန်...
HomeMoviesဂြိုဟ်တုပစ်မှတ်ရှာဖွေစောင့်ကြည့်ထောက်လှမ်းမှုကို အလိုအလျောက်လုပ်ဆောင်ပေးမည့် AI...

ဂြိုဟ်တုပစ်မှတ်ရှာဖွေစောင့်ကြည့်ထောက်လှမ်းမှုကို အလိုအလျောက်လုပ်ဆောင်ပေးမည့် AI စနစ်ကိုတရုတ်မိတ်ဆက်

ဇွန်လ ၅ ရက်

အမေရိကန်ပြည်ထောင်စုသည် အီရန်စစ်ပွဲအတွင်းသို့ အင်အားပြင်းလက်နက်သစ်တစ်ရပ် ဖြစ်သည့် ဂြိုဟ်တုဓာတ်ပုံများကို ဆန်းစစ်လေ့လာခြင်းမှသည် နောက်ဆုံးပစ်မှတ်ရွေးချယ်တိုက်ခိုက်ခြင်းအထိ ပစ်မှတ်ရှာဖွေမှုအဆင့်တိုင်းကို အလိုအလျောက်လုပ်ဆောင်ပေးနိုင်သော ဉာဏ်ရည်တု (AI) မိုဒယ်ကြီးများကို ယူဆောင်လာကြောင်း သတင်းများထွက်ပေါ်နေသည်။

သို့သော်လည်း ယင်းစနစ်များကို မည်သို့လည်ပတ်ပုံဖော်သည်ကိုမူ လျှို့ဝှက်ချက်အဖြစ် တင်းကျပ်စွာ ထိန်းသိမ်းထားဆဲဖြစ်ပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလက အီရန်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းသည် ဗုံးကြဲတိုက်ခိုက်ခံရကာ ကလေးငယ် ၂၀၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကဲ့သို့သော အခြေအနေများကြောင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် AI ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

ယခုအခါ တရုတ်နိုင်ငံသည် ဤနည်းပညာနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန် ပထမဆုံးခြေလှမ်းကို စတင်လှမ်းလိုက်ပြီဖြစ်သည်။

တရုတ်အာကာသသုတေသီများသည် ပြီးခဲ့သည့်လက “Air Target Agent System” ဟုခေါ်ဆိုသည့် စွမ်းဆောင်ရည်မြင့် LLM agent အခြေခံ ပူးပေါင်းဆောင်ရွက်ရေး AI ကိရိယာတစ်ခုကို မိတ်ဆက်ခဲ့ပြီး ၎င်းသည် ဂြိုဟ်တုမှတစ်ဆင့် စောင့်ကြည့်ထောက်လှမ်းခြင်းလုပ်ငန်းကို ရုပ်ပုံခွဲခြားရုံသာမက မြင်တွေ့ရသည့်အရာများကိုပါ ဆန်းစစ်လေ့လာခြင်း၊ ကောက်ချက်ချခြင်းနှင့် လူသားများမပါဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လှုပ်ရှားဆောင်ရွက်ခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အဆိုပါစနစ်သည် ကြီးမားသော ဘာသာစကားမိုဒယ်များ (LLMs) ကို ရှုပ်ထွေးသောလုပ်ငန်းစဉ်များကို အဆင့်ဆင့်ခွဲခြမ်းနိုင်ခြင်း၊ အယ်လ်ဂိုရီသမ်များကို အလိုအလျောက်ရွေးချယ်နိုင်ခြင်း၊ လုပ်ငန်းခွင်အဆင့်ဆင့်ကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းနှင့် ချို့ယွင်းချက်များ ဖြစ်ပေါ်လာပါက လူသားတို့ကဝင်ပါ ရန်မလိုဘဲ မိမိဘာသာပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခြင်းစသည့် စွမ်းဆောင်ရည်ရှိသော AI အေးဂျင့်များနှင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား တရုတ်က ဆက်လက်ထောက်ခံမည်ဟု ဝမ်ယိ ပြောကြား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ “အေးအတူ ပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေး၊ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃) ပါးအား နိုင်ငံတော်သမ္မတ မိသားစုက ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒေလီတက္ကသိုလ်၊ ဂေါတမဗုဒ္ဓတက္ကသိုလ်နှင့် သုဘာတီတက္ကသိုလ်တို့တွင် ပညာသင်ကြားနေသော သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၆၃) ပါးအား ရည်စူးဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လှူဒါန်းရာတွင် နေ့ဆွမ်းအပြင် ဗုဒ္ဓရုပ်ပွားတော်၊ သင်္ကန်းပရိက္ခရာများ၊ နဝကမ္မဝတ္ထုအလှူတော်ငွေများနှင့် ဒါတဗ္ဗဝတ္ထုပစ္စည်းအစုစုတို့ကိုပါ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ...

ယဉ်ကျေးမှုများအကြား နားလည်မှုတံတား တည်ဆောက်ရေးတွင် မီဒီယာ၏အခန်းကဏ္ဍ အရေးပါဟု CUC ဒုဥက္ကဋ္ဌပြော

နိုင်ငံနှင့်ဒေသပေါင်း ၅၀ ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များ တရုတ်နိုင်ငံ၌ ကျင်းပသည့် Global Journalists Salon သို့ တက်ရောက် တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသော China International Press Communication Center (CIPCC) 2026 အစီအစဉ်တွင် ပါဝင်နေသည့် နိုင်ငံနှင့်ဒေသပေါင်း (၅၀) ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များသည် “ယဉ်ကျေးမှုများအကြား ဆွေးနွေးဖလှယ်ရေး အပြည်ပြည်ဆိုင်ရာနေ့” အထိမ်းအမှတ်အဖြစ် တရုတ်ဆက်သွယ်ရေးတက္ကသိုလ် (CUC) ၌ ကျင်းပသည့် Global Journalists Salon ဆွေးနွေးပွဲတွင် မီဒီယာ၏ နိုင်ငံတကာဆက်သွယ်ရေးတာဝန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071