စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့ ဇွန် ၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ပေါ-က်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ပေါ-က်ကွဲမှုသည် မြို့နယ် လ.ဝ.က ရုံးဝင်း၏ ဝင်ပေါက်အနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်က မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် UID ကဒ်လာရောက်ပြုလုပ်သူအများအပြားရှိကာ ဝန်ထမ်းများမှလည်း ရုံးလုပ်ငန်းများဆောင်ရွက်နေချိန်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပေါ-က်ကွဲမှုဖြစ်ပေါ်ချိန်တွင် လ.ဝ.က ဝန်ထမ်းများအပါအဝင် ဒေသခံ(၁၈)ဦးခန့်အထိ ဗုံးစထိမှန်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ လူမှုကူညီရေးအသင်းများက စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ထိခို-က်ဒ-ဏ်ရာရသူများအား မန္တလေးတိုင်းအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများကလိုအပ်သည့် အကူအညီများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ လုံခြုံရေးအဖွဲ့ဝင်များကလည်း အခင်းဖြစ်စဥ်အားစစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
