Friday, June 5, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီဇယ်ဆီ HSD...

ဒီဇယ်ဆီ HSD (500 ppm) အပေါ် ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းမှာ ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီခန့်က ရေတိုက်စား၍လမ်းပျက်စီးခဲ့ကြောင်း သိရသည်။ ဂျက်ကာ-စိန်တောင်...

စစ်ကိုင်းမြို့ရှိ လ.ဝ.က ရုံး၌ ပေါ-က်ကွဲမှုဖြစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့ ဇွန် ၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ပေါ-က်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ အဆိုပါ...

ဖိတ်စာမရဘဲ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်၊ မတက်...

လာမယ့်ဆောင်းဦးရာသီမှာ ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) ကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့လာတက်ဖို့အတွက် ခရင်မ်လင်နန်းတော်က သီးသန့်ဖိတ်စာပို့ဖို့ အစီအစဉ်မရှိပါဘူးတဲ့။ ဘာလို့လဲဆိုတော့ နိုင်ငံတိုင်းဟာ...
HomeMoviesဂျကာတာတွင် ကျင်းပသည့် (၃၈)...

ဂျကာတာတွင် ကျင်းပသည့် (၃၈) ကြိမ်မြောက် အာဆီယံ–အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၃၈) ကြိမ်မြောက် အာဆီယံ–အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးကို အာဆီယံ–ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိကြီး H.E. KUNG Phoak နှင့် အာဆီယံ–အမေရိကန် အဆင့်မြင့်အရာရှိကြီး H.E. Michael G. DeSombre တို့က ပူးတွဲသဘာပတိများအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ဒုတိယအတွင်းရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံနှင့် အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ–အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ တိုးတက်မှုအခြေအနေများ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လာမည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် အာဆီယံ–အမေရိကန် ဝန်ကြီးအဆင့်အစည်းအဝေး၊ (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် (၁၄) ကြိမ်မြောက် အာဆီယံ–အမေရိကန် ထိပ်သီးအစည်းအဝေးများအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုရေး လွှတ်တော်သို့ ပေးပို့

ဒီဇယ်ဆီ HSD (500 ppm) အပေါ် ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း သိရသည်။ ဇွန် ၄ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် အဆိုပါကိစ္စကို ပေးပို့ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် သဝဏ်လွှာနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က လက်ရှိကာလတွင် အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အခြားဒေသတွင်းနိုင်ငံများနည်းတူ...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းရေတိုက်စား၍ လမ်းပျက်စီးခဲ့

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းမှာ ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီခန့်က ရေတိုက်စား၍လမ်းပျက်စီးခဲ့ကြောင်း သိရသည်။ ဂျက်ကာ-စိန်တောင် မော်တင်လမ်း မိုင်တိုင်အမှတ် ၅၆/၀ နှင့် ၅၆/၁ ကြား တံတားအမှတ်(၁/၅၇) အရှည် (၁၀၀)ပေရှိ တင်းချောင်းတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးဆင်းရာမှ တံတား၏ပုသိမ်ဘက်ခြမ်းချဉ်းကပ်လမ်းမှာ ရေတိုက်စားကာပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာလမ်းဦးစီးဌာနမှ ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့ရှိ လ.ဝ.က ရုံး၌ ပေါ-က်ကွဲမှုဖြစ် ထိခို-က်ဒ-ဏ်ရာရသူများပြား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့ ဇွန် ၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ပေါ-က်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ အဆိုပါ ပေါ-က်ကွဲမှုသည် မြို့နယ် လ.ဝ.က ရုံးဝင်း၏ ဝင်ပေါက်အနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်က မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် UID ကဒ်လာရောက်ပြုလုပ်သူအများအပြားရှိကာ ဝန်ထမ်းများမှလည်း ရုံးလုပ်ငန်းများဆောင်ရွက်နေချိန်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပေါ-က်ကွဲမှုဖြစ်ပေါ်ချိန်တွင် လ.ဝ.က ဝန်ထမ်းများအပါအဝင် ဒေသခံ(၁၈)ဦးခန့်အထိ ဗုံးစထိမှန်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ လူမှုကူညီရေးအသင်းများက စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ထိခို-က်ဒ-ဏ်ရာရသူများအား မန္တလေးတိုင်းအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများကလိုအပ်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071