ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် Tri-Nation Cup 2026 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် အပြီးသတ်ကစားသမား (၂၅) ဦး စာရင်းကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။
နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ဦးဆောင်သည့် မြန်မာအသင်းတွင် ဦးအောင်ကျော်မိုး၊ ဦးမင်းသူနှင့် နိုင်ငံခြားသားနည်းပြများ ပါဝင်သောအဖွဲ့သည် ပဏာမလူစာရင်းမှ အကောင်းဆုံးကစားသမားများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နည်းပြအဖွဲတွင် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြများဖြစ်သည့် ဦးအောင်ကျော်မိုး၊ ဦးမင်းသူနှင့် နိုင်ငံခြားသားနည်းပြများ ပါဝင်သည်။
ကစားသမား ၂၅ ဦး စာရင်းတွင် ဂိုးသမားအဖြစ် ဆန်းဆက်နိုင်၊ ဥာဏ်လင်းထက်၊ ခန့်မင်းသန့်တို့ ပါဝင်သည်။
နောက်တန်း၌ မြတ်ဘုန်းခန့်၊ ဟိန်းဇေယျာလင်း၊ စိုးမိုးကျော်၊ နန္ဒကျော်၊ ဇွဲခန့်မင်း၊ သီဟထက်အောင်၊ အောင်ဝဏ္ဏစိုးတို့ ပါဝင်သည်။
ကွင်းလယ်၌ ကျော်မင်းဦး၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ မောင်မောင်လွင်၊ မင်းမော်ဦး၊ ခန့်ကျော်ဇင်ဟိန်း၊ အောင်မျိုးခန့်၊ ရှိင်းဝဏ္ဏအောင်၊ ဟိန်းထက်အောင်၊ မြတ်ကောင်းခန့်၊ စိုးမင်းဦး၊ ဇော်ဝင်းသိန်း ၊ ရဲရင့်အောင်တို့ ပါဝင်သည်။
တိုက်စစ်၌ သန်းပိုင်နှင့် ဝင်းနိုင်ထွန်းတို့ ပါဝင်သည်။
အသင်းသည် ယနေ့ညတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ပြိုင်ပွဲအကြိုအဖြစ် အိမ်ရှင်ဖိလစ်ပိုင်နှင့် ဂူအမ်အသင်းတို့၏ ပွဲစဉ်ကို ကြည့်ရှုလေ့လာမည်ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ဇွန် (၆) ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆) နာရီတွင် ဂူအမ်အသင်းဖြင့် လည်းကောင်း၊ ဇွန်(၉) ရက်နေ့ အလားတူအချိန်၌ အိမ်ရှင်ဖိလစ်ပိုင်အသင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်များကို မနီလာမြို့ရှိ ဟိုဆေးရီဇာ အမှတ်တရကွင်း၌ ကျင်းပမည်ဖြစ်ကာ HTV Sports နှင့် Readers Channel တို့တွင် တို-က်ရို-က်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
