အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor’s House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် နိုင်ငံတော်သမ္မတသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ဘင်ခရာအဖွဲ့အား ဆုတော်ငွေချီးမြင့်ခဲ့သည်။
