ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ – တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။
ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိစမ်းသပ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ယင်းယာဉ်လိုင်းကို YBPC ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲသွားမည်ဖြစ်သည်။
ပြေးဆွဲပေးမည့် ဂိတ်ရင်းသည် တွံတေး (ရွှေဆံတော်ဘုရား) ဖြစ်ပြီးဒလ (ချယ်ရီသင်္ဘောဆိပ်) ထိ ဖြစ်ကာ စုစုပေါင်း မှတ်တိုင် (၁၄) ခုဖြင့်ပြေးဆွဲသွားမည် ဖြစ်သည်။
ကားခအနေဖြင့် ၈၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။
ထို့ပြင်—ရဟန်းသံဃာတော်များအားအခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကာ ခရီးသွားပြည်သူများအနေဖြင့် စနစ်တကျ စီးနင်းအသုံးပြုပေးကြပါရန်နှင့် ယာဉ်အတက်အဆင်းပြုလုပ်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုပေးကြပါရန် YBPC မှ မေတ္တာရပ်ခံထားသည်။
