Home News Local News ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

0
51

ယနေ့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သည်။

ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိသတ်မှတ်ခဲ့သည်။

ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်လျက်ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ(၂) တံ(၂) ချောင်းနှင့် ဘောပင် (၂) ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးအပ်သွားခဲ့သည့်အပြင် အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်သောကြောင့် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့် အခကြေးငွေ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံခွင့်ပြုခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here